Main menu

Elon Musk နှင့် အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးတို့သည် ကျန်မာရေးကဏ္ဍကိုအထောက်အကူပြုရန် Starlink အား ပူးပေါင်းလွှင့်တင်ခဲ့

Powered by Drupal

       Elon Musk နှင့် အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီး Budi Gunadi Sadiki တို့သည် နိုင်ငံ၏ကျန်မာရေးကဏ္ဍအတွက် SpaceX ၏ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကို တနင်္ဂနွေနေ့၊ မေလ ၁၉ရက်နေ့တွင် စတင်ခဲ့ပြီး ကျယ်ပြောလှသော ကျွန်းစုများ၏ ‌ဝေးလံခေါင်သီသောနေရာများတွင်ပါ အင်တာနက်ရရှိနိုင်ရန်ရည်ရွယ်၍ စတင်ခဲ့သည်။ SpaceX နှင့် Telsa ၏ ဘီလီယံနာသူဌေးကြီး Musk သည် အင်ဒိုနီးရှားနိုင်ငံ၏ အပန်းဖြေကျွန်းဖြစ်သော ဘာလီကျွန်းသို့ ရောက်ရှိလာခဲ့ပြီး မြို့တော် Denpasarရှိ ရပ်ရွာကျန်းမာရေးစင်တာတွင် လွှင့်တင်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ “ချိတ်ဆက်မှုအားနည်းသော နေရာများကို အင်တာနက်ချိတ်ဆက်မှုရရှိစေရန် ၎င်းအနေဖြင့် အလွန်စိတ်လှုပ်ရှားနေပါသည်။ အင်တာနက်ကို သုံးစွဲခွင့်ရမယ်ဆို ဘာမဆိုသင်ယူလေ့လာနိုင်ပါတယ်” ဟု Musk က ပါတိတ်တီရှပ် အစိမ်းရောင်ကိုဝတ်ဆင်လျက် ပြောကြားခဲ့သည်။ လက်ရှိတွင် Starlink အားဘာလီကျွန်းတွင် နှစ်ခုနှင့်ဝေးလံခေါင်သီသော Aru ကျွန်းရှိ Maluku တွင် တစ်ခုအပါအဝင်ဖြစ်ပြီး အင်ဒိုနီးရှားကျန်မာရေးဌာန ၃ခုတွင်တနင်္ဂနွေနေ့က စတင်ဖွင့်လှစ်ခဲ့သည်။

          လွှင့်တင်မှုတွင် ပြသထားသော ဗီဒီယိုတင်ဆက်မှုတစ်ခု၌ မြင့်မားသော အင်တာနက်အမြန်နှုန်းသည် နှောင့်နှေးခြင်းနှင့် အာဟာရချို့တဲ့ခြင်းကဲ့သို့သော ကျန်မာရေးဆိုင်ရာစိန်ခေါ်မှုများကို ပိုမိုကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းနိုင်စေရန် ဒေတာများကို အချိန်နှင့်တပြေးညီ ထည့်သွင်းနိုင်ပုံကိုပြသခဲ့သည်။ အင်ဒိုနီးရှားအစိုးရသည် နိုင်ငံ၏ကြွယ်ဝသော နီကယ်အရင်းအမြစ်များကိုအသုံးပြု၍ ၄င်း၏ EV ကဏ္ဍကို ဖွံ့ဖြိုးတိုးတက်စေလိုသောကြောင့် Musk ၏ ကားကုမ္ပဏီ Telsa ကိုဆွဲဆောင်နိုင်ရန် နှစ်ပေါင်းများစွာကြိုးစားနေခဲ့သည်။

          Musk သည် တနင်္လာနေ့တွင် အင်ဒိုနီးရှားသမ္မတ Joko Widodo နှင့်တွေ့ဆုံရန် စီစဥ်ထားပြီး ၄င်းသည် ကျွန်းပေါ်တွင် ကျင်းပနေသည့် World Water Forum ၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။တနင်္ဂနွေမတိုင်မီတွင် Starlink သည် လက်လီစားသုံးသူများအတွက် အင်တာနက်ဝန်ဆောင်မှုပေးသူအဖြစ် လုပ်ကိုင်ရန် ခွင့်ပြုချက်ရရှိခဲ့ပြီး Apeture Terminal (VSAT) ခွင့်ပြုမိန့်ကိုရရှိခဲ့ကာ ကွန်ရက်များကိုပံ့ပိုးပေးရန်အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Budi Setiadi က Reuter သတင်းဌာနသို့ ပြောကြားခဲ့သည်။

          ကမ္ဘာကိုလှည့်ပတ်နေသော ဂြိုလ်တု၇၅၀၀၏ ၆၀ရာခိုင်နှုန်းခန့်ကိုပိုင်ဆိုင်သော SpaceX ၏ Starlink သည် ဂြိုလ်တုအင်တာနက်နယ်ပယ်ကို လွှမ်းမိုးထားသည်။ အင်ဒိုနီးရှားနိုင်ငံသည် Starlink လုပ်ငန်းအားလည်ပတ်မည့် အရှေ့တောင်အာရှ၏ တတိယမြောက်နိုင်ငံဖြစ်သည်။ စစ်တပ်၊ ဆေးရုံများ၊ စီးပွားရေးလုပ်ငန်းများနှင့် အကူအညီပေးရေးအဖွဲ့အစည်းများ တာဝန်ထမ်းဆောင်နေသည့် နေရာဖြစ်သော Ukraine နိုင်ငံတွင်လည်း Starlink အား ကျယ်ပြန့်စွာသုံးစွဲနေကြပြီဖြစ်ကြောင်းသိရှိရပါသည်။ 

Source : channelnewsasia.com                                             

DOCA(ရန်ကုန်)