Main menu

မြန်အောင်မြို့နယ် ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

 စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍(၁၉-၅-၂၀၂၄)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ မြို့ပေါ်ရပ်ကွက်နှင့် နေခြည်ဈေးအတွင်းရှိ ဆန်ဆိုင်ကြီးများနှင့်ဆန်ဂိုဒေါင်များအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်ချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးမှုအား  ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

       ထိုသို့ကွင်းဆင်းရာတွင်  မြန်အောင်မြို့နယ်အတွင်းရှိဆန်ဆိုင်များအနေဖြင့်  ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းနှင့် ရွှေသွယ်စသော အရည်အသွေးမြင့်စားဆန်များကို ပုသိမ်မြို့မှတိုက်ရိုက်မှာယူရောင်းချပြီး၊ ဒေသအတွင်းထွက်ရှိသော ဧရာမင်း၊ ပခန်း၊ ဆင်းသုခ အစရှိသည့်ဆန်များကိုလည်း ရောင်းချလျှက်ရှိပါသည်။ ဆန်ဆိုင်များအနေဖြင့် ရောင်းအားကိုလိုက်၍မှာယူရောင်းချပြီး အများအပြားသိုလှောင်ထားခြင်း၊ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိကြောင်းစိစစ်တွေ့ရှိရသည်ဟုသိရှိရပါသည်။

DOCA(ဧရာဝတီ)