Main menu

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုမှ တစ်လအတွင်း အမေရိကန်‌ဒေါ်လာသန်း၂၈၀ရရှိ

Powered by Drupal

        မြန်မာတရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတန်ဖိုးသည် ဧပြီလ၁ရက်နေ့မှစတင်၍ လက်ရှိဘဏ္ဍရေးနှစ် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ရက်နေ့အထိ အမေရိကန်ဒေါ်လာ၂၈၀.၄၄သန်းသို့ကျဆင်းခဲ့ပြီး ယမန်နှစ် အလားတူကာလတွင် မှတ်တမ်းတင်ထားသော ကန်ဒေါ်လာ၄၀၇.၇သန်းရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းဇယားများတွင်ဖော်ပြထားသည်။

          ကိန်းဂဏန်းများသည် ယမန်နှစ်ကာလနှင့်နှိုင်းယှဥ်ပါက ယခုနှစ်လဏ္ဍရေးနှစ်တွင် ၁၂၇.၂၈သန်းထိ သိသိသာသာကျဆင်းသွားကြောင်းတွေ့ရသည်။

         မြန်မာနိုင်ငံသည် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကံပိုင်တီ၊ ကျိုင်းတုံတို့မှတစ်ဆင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိသည်။ မူဆယ်နယ်စပ်ကုန်သွယ်မှုမှ ၁.၂၁၄သန်းနှင့် ကျိုင်းတုံနယ်စပ်မှ ၇၁.၂၇သန်းအသီးသီးရရှိခဲ့သည်။

          မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိသည်။

      ပို့ကုန်များမှာ လယ်ယာထွက်ကုန်ပစ္စည်းများ၊ မွေးမြူရေးထွက်ကုန်ပစ္စည်များ၊ ရေထွက်ကုန်ပစ္စည်းများ၊ ဓာတ်သတ္တု၊ သစ်တောထွက်ကုန်ပစ္စည်းများနှင့် အခြားကုန်စည်များဖြစ်ပြီး အရင်းအနှီးကုန်စည်များ၊ အလယ်အလတ်တန်းစားကုန်စည်များနှင့် ကုန်ကြမ်းများအား (CMP) လုပ်ငန်းများမှ တင်သွင်းလျက်ရှိကြောင်းသိရှိရပါသည်။

Source : GNLM.com.mm

DOCA(ရန်ကုန်)