Main menu

ဒိုက်ဦးမြို့တွင် မြေပြင် ကွင်းဆင်းစောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ (၁၇-၅-၂၀၂၄)ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဒိုက်ဦးမြို့မဈေးတွင်းတွင် ရောင်းချနေသော ကလေးကစားစရာအရုပ်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းလေ့လာဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာ ကလေးအသုံးအဆောင်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေး၍ ပုခက်၊ လက်တွန်းလှည်း၊ လမ်းလျှောက်ကွင်းများနှင့် ကစားစရာအရုပ်များအား စစ်ဆေး၍ ကလေးများဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေးအတွက် ဆိုင်ရှင်များအား ၄င်းပစ္စည်းများနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားများကို တိကျစွာဖော်ပြနိုင်ရန်နှင့် ဘေးအန္တရာယ်ဖြစ်စေနိုင်သော သတိပေးချက်များကိုတိတိကျကျဖြင့် မြင်သာသောအရွယ်အစားနှင့် မြင်သာသောနေရာများတွင် တိကျစွာဖော်ပြနိုင်ရေး အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(ပဲခူး)