Main menu

ဆန်အပါအဝင် အခြေခံစားကုန်များပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ အဓိကထား တာဝန်ယူဆောင်ရွက်လျက်ရှိရာ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဖြစ်သည့် အခြေခံစားကုန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်ခရိုင်မှ ပြည်မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းနှင့် ဝန်ထမ်းများသည် မိတ်ဖတ်ဌာနဆိုင်ရာများဖြစ်သည့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဒေသခံရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်သောအဖွဲ့နှင့် ပူးပေါင်း၍ (၁၇-၅-၂၀၂၄) ရက်နေ့ နံနက် (၈:၃၀) အချိန်နာရီတွင် ပြည်မြို့ဆံတော်ရပ်ကွက်အတွင်းရှိ ဆန်ဆိုင်များ၊ ဆန်ဂိုဒေါင်များသို့ဝင်ရောက်၍ ပြည်ဈေးကွက်အတွင်း ဆန်အပါအဝင် အခြေခံစားကုန်များပြတ်လပ်မှုမရှိစေရေး၊ ဈေးကစားရန်အလို့ငှာ သိုလှောင်ထားခြင်းမရှိစေရေး၊ ဈေးနှုန်းအဆမတန် ကြီးမြင့်မှုမရှိစေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)