Main menu

မကွေးမြို့နယ်ရှိ ဟိုတယ်များနှင့်စား‌သောက်ဆိုင်လုပ်ငန်းများအား ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေး

Powered by Drupal

    ခရီးသွားလုပ်ငန်းများဆောင်ရွက်ရာတွင် အရေးကြီးသည့်ဟိုတယ်များနှင့် စားသောက်ဆိုင်များ၌ တည်းခို‌နေထိုင်ခြင်း၊ စားသောက်ခြင်းနှင့် ပတ်သက်၍ အစားအ‌သောက်များ ကောင်းမွန်စေရေး၊ ရောင်းချသည့်အစားအစာများ အာဟာရဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများ ဖြစ်စေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်းကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    (၆.၅.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်  ကောင်းကောင်း၊ ပုလဲရွှေရည်ဟိုတယ် (၃)ခု၊ ရိုးရှင်းစားသောက်ဆိုင်နှင့် (၇.၅.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် My Riever View၊ နန်းထိုက်သူ၊ ထိန်ထိန်သာ၊ ဖန်ခါးမြေ၊ Win Hotel (၄)ခုနှင့် လက်ရွေးစင် စားသောက် ဆိုင်တို့အား သက်ဆိုင်ရာဌာနအလိုက် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်တို့အား ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ချောက်ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှမှ စားသုံးသူကာကွယ်ရေး ဥပဒေ-၂၀၁၉ ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုလုံခြုံစိတ်ချရမှု၊ ဘေးအန္တရာယ်ရှိ သောဝန်ဆောင်မှုကို တားမြစ်ခြင်းနှင့် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုတို့အား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)