Main menu

မြိတ်ခရိုင် ဆန်ကုန်သည်နှင့် ဆန်လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးသည်  ၂၀၂၄ခုနှစ်၊ မေလ (၉)ရက်နေ့၊ နံနက် (၁၀း၃၀) နာရီအချိန်တွင် မြိတ်မြို့၊ ကမ်းနားလမ်းဆိပ်ငယ်ရပ်ရှိ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆန်ကုန်သည်နှင့်ဆန်လုပ်ငန်းရှင်များအားတွေ့ဆုံပြီး စျေးနှုန်းတည်ငြိမ်‌စေရေးနှင့် မြိတ်ခရိုင်၏ ဆန်လိုအပ်ချက်များအတွက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက မြိတ်ခရိုင်၏ ဆန်လိုအပ်ချက်များအပြင် တင်ပို့ဆောင်ရွက်နေသည့်အခြေအနေ၊ ဆန်စက်များဆောင်ရွက်နေမှု၊ နည်းပညာအခက်အခဲများကိုတွေ့ဆုံဆွေးနွေးခဲ့ပြီး ဆန်သယ်ယူမှုအတွက် အခက်အခဲရှိပါက သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းချိတ်ဆက်‌ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆန်စျေးနှုန်းမြှင့်တက်ခြင်းမရှိစေရန် ဆောင်ရွက်နေမှုကိုဆွေးနွေးခဲ့ရာ ဆန်လုပ်ငန်းသည် ပြည်တွင်းတွင် ထုတ်လုပ်လျက်ရှိသော လုပ်ငန်းဖြစ်ပြီး စပါးစိုက်ပျိုးမှုနှင့် ဆန်ဝယ်ယူနိုင်မှုလုံလောက်ပါက ခရိုင်တွင် ဆန်စျေးမြင့်တက်မှုအားထိန်းချုပ်နိုင်မည့်အပြင် စက်ရုံအတွက်သုံးစွဲနေသော လောင်စာနှင့်  သယ်ယူပို့ဆောင်စရိတ်များလျော့ကျလာမည်ဆိုပါက ကုန်စျေးနှုန်းများလည်းလျော့ကျလာနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ဆွေးနွေးမှုအား နံနက်(၁၁း၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)