Main menu

မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနတွင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးသည် ၂၀၂၄ခုနှစ်၊ မေလ (၉)ရက်နေ့တွင် ဆီလုပ်ငန်းနှင့်ဆီကုန်သည်များအသင်းနှင့်တွေ့ဆုံ၍  ကမ်းနားလမ်း၊ ဆိပ်ငယ်ရပ်ရှိ မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးထုတ်ယူရောင်းချလျက်ရှိသော စားအုန်းဆီများနှင့်ပတ်သက်၍ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချရန်၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်းမပြုရန်နှင့် မသမာသည့် လုပ်ဆောင်မှုများမဖြစ်စေရေး ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦး (ဒုတိယညွှန်ကြားရေးမှူး)က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စားအုန်းဆီဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူပြည်သူများထံ လက်ဝယ်ရောက်ရှိစေရေးအတွက် ဈေးကားများဖြင့် ရောင်းချခဲ့ပြီးဖြစ်ကြောင်း၊ ဆီဖူလုံမှုရရှိစေရေးအတွက် ဆီခွဲတမ်းများ ပိုမိုရရှိအောင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဘူးသွပ်ဆီများကို တင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချပါက ကုန်အညွှန်းအမှတ်အသားများပါရှိရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

       ဆက်လက်၍ ပြည်တွင်းဈေးကွက်အတွင်း စားအုန်းဆီများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ထိရောက်စွာအရေးယူခံရမည်ဖြစ်ကြောင်း၊ စက်မှုကုန်ကြမ်းလုပ်ငန်းများအတွက် စားအုန်းဆီဝယ်ယူသုံးစွဲလိုပါက လျှောက်လွှာတင်၍ ဝယ်ယူနိုင်ကြောင်းပြောကြားခဲ့ပြီး ဘေးအန္တရာယ်ကင်းရှင်းပြီး စံချိန်/စံညွှန်းနှင့်ကိုက်ညီသည့် စားသုံးဆီများကိုသာ ရောင်းချရန်ပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)