Main menu

ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဆန်ဈေးနှုန်း များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများ ရှိ/မရှိကို ၈.၅.၂၀၂၄ ရက်နေ့တွင် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်၊ မြို့မရပ်ကွက်နှင့် စည်ပင်သာယာဈေးရှိ ဆန်အရောင်းဆိုင်များအား စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ဆန်ကုန်သည်အသင်းမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် မြစ်ကြီးနားခရိုင်ဦးစီးမှူးမှ ဆန်ဆိုင်ပိုင်ရှင်များအား ဈေးကွက် အတွင်း ဆန်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက်လိုအပ်ချက်အပေါ် မူတည်၍ ဆန်များအား သိုလှောင်ပြီး ဈေးကစားမှု မပြုလုပ်ရန် ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆန်တစ်အိတ်ဈေးနှုန်း များအနေဖြင့်ဆင်း-၃(ရိုးရိုး) ၇၀၀၀၀ ကျပ်၊ ဆင်း-၃(ရှယ်) ၈၅၀၀၀ ကျပ်၊ ငွေတိုး(ရိုးရိုး)၈၀၀၀၀ ကျပ်၊ ငွေတိုး(ရှယ်) ၉၀၀၀၀ ကျပ်၊ မှော်ဘီ(ရှယ်) ၉၅၀၀၀ ကျပ် ၊ရွှေဘိုပေါ်ဆန်း(ရှယ်) ၁၅၀၀၀၀ ကျပ်၊ လုံးသွယ်မွှေး(ရှယ်) ၁၂၅၀၀၀ ကျပ်၊ စောရှုပ်(ရှယ်) ၁၂၀၀၀၀ ကျပ်၊ ဧရာမင်း(ရှယ်) ၁၃၀၀၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချလျက်ရှိပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း အလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများမရှိဘဲ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းအမြတ်ဖြင့်သာ ရောင်းချလျက်ရှိပါသည်။ ဒေသထွက်ဆန်များဖြစ်သည့် ဆင်း-၃၊ ငွေတိုး၊ လုံးသွယ်မွှေး၊ စောရှုပ် ဆန်များအား မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်းမြို့နယ်များမှ ဝယ်ယူရောင်းချပြီး မှော်ဘီ၊ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်း ဆန်များအား ရွှေဘို၊ အင်းတော်မြို့များမှ လိုအပ်မှုရှိမှသာ ဝယ်ယူပြီး ပြန်လည်ရောင်းချကြောင်း စိစစ်တွေ့ရှိရပါသည်။ ဆန်သိုလှောင်မှုအနေဖြင့် သီးခြားဂိုဒေါင်များဖြင့် သိုလှောင်မှုမရှိဘဲ ဆန်ဆိုင်နှင့်နေအိမ်များတွင်သာ အိတ်လုံးရေ(၃၀၀) မှ (၅၀၀)ကြား သိုလှောင်ထားရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

DOCA(ကချင်)