Main menu

ရွှေပြည်သာမြို့နယ်နှင့်မင်္ဂလာဒုံမြို့နယ်များရှိ ဈေးကွက်အတွင်း စားသုံးဆီရောင်းချနေသော လက်လီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့စိုး၊ ဒုတိယဦးစီးမှူးပါ (၃)ဦး၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အလုပ်အမှုအဆောင်ကော်မတီဝင် ဦးမျိုးမင်းထွန်း၊ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများ ပူးပေါင်းပါဝင်လျက် (၄.၅.၂၀၂၄) ရက်နေ့ ၊နေ့လယ် (၁၂:၂၀)အချိန်မှစ၍ ရွှေပြည်သာမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်များရှိ ဈေးများအတွင်း စားသုံးဆီ လက်လီရောင်းချနေသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ရွှေပြည်သာမြို့နယ် ပတ္တမြားဈေးနှင့်သံဒင်းဈေးအတွင်းရှိ လက်လီရောင်းချနေသော ကုန်မျိုးစုံဆိုင်(၁၁)ဆိုင်၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဈေး၊ ဝါယာလက်ဈေး၊ ရတနာသီရိဈေးနှင့် ထောက်ကြံ့ရတနာဈေးများ အတွင်းရှိ လက်လီအရောင်းချနေသော ကုန်မျိုးစုံဆိုင် (၂၆)ဆိုင်တို့အား စားအုန်းဆီများအရေအတွက် အပြည့်အဝရရှိမှုရှိ/မရှိ၊ သတ်မှတ်နေရာများသို့ ရောက်ရှိမှုရှိ/မရှိနှင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း စားသုံးသူပြည်သူများထံသို့ ရောင်းချခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

DOCA(ရန်ကုန်)