Main menu

အင်းစိန်မြို့နယ်နှင့်လှိုင်သာယာမြို့နယ်များရှိ ဈေးကွက်အတွင်း စားသုံးဆီရောင်းချနေသော လက်လီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒုတိယဦးစီးမှူးပါ (၄)ဦး၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တွဲဘက်အတွင်းရေးမှူး ဦးမျိုးကျော်ဆန်း၊ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများ ပူးပေါင်းပါဝင်လျက် (၃.၅.၂၀၂၄)ရက်နေ့ ၊နေ့လယ် (၁၂:၃၀)အချိန်မှ စ၍ အင်းစိန်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်များရှိ ဈေးများအတွင်း စားသုံးဆီလက်လီရောင်းချနေသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အင်းစိန်မြို့နယ်၊ အင်းစိန်ဈေးအတွင်းရှိ လက်လီရောင်းချနေသော ကုန်မျိုးစုံဆိုင်(၁၀)ဆိုင်၊ မြို့သစ်ဈေးရှိ ကုန်မျိုးစုံဆိုင်(၃)ဆိုင်နှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ပိတောက်မြိုင်ဈေးရှိ ကုန်မျိုးစုံဆိုင် (၁၁)ဆိုင်၊ အမှတ်(၅)ရပ်ကွက်ဈေးရှိ ကုန်မျိုးစုံဆိုင်(၇)ဆိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပင်လုံဈေးရှိ ကုန်မျိုးစုံဆိုင် (၉)ဆိုင်တို့အား စားအုန်းဆီများ အရေအတွက် အပြည့်အဝရရှိမှုရှိ/မရှိ၊ သတ်မှတ်နေရာများသို့ ရောက်ရှိမှု ရှိ/မရှိနှင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း စားသုံးသူပြည်သူများထံသို့ ရောင်းချခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

DOCA(ရန်ကုန်)