Main menu

“ ဒလမြို့နယ်၌ စားအုန်းဆီအရောင်းဆိုင်များတွင် စားအုန်းဆီလက်လီ၊ လက်ကားရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီ၊ လက်ကားရောင်းချဖြန့်ဖြူးလျှက်ရှိသော စားအုန်းဆီကိုယ်စားလှယ်ဆိုင်ကြီးများအနေဖြင့် မိမိတို့မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအတွက် အခက်အခဲမရှိ အလွယ်တကူဝယ်ယူနိုင်စေရန်အတွက် ဈေးအတွင်း/အပြင် ရပ်ကွက်ကျေးရွာများသို့ လက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချနေမှုအား မေလ(၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် ခရေလမ်း၊ အမှတ်(၉၄၃)၊ ကမာကဆစ်ရပ်ကွက် စားအုန်းဆီကိုယ်စားလှယ် ဒေါ်ဇင်ညိုလတ်ဆီဆိုင်တွင် စားအုန်းဆီလက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချနေမှုအခြေအနေနှင့် မိမိတို့မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ အခက်အခဲမရှိ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် သတ်မှတ်ခွဲတမ်းများခွဲဝေရရှိပြီးဖြစ်၍ ရရှိသည့် ခွဲတမ်းများအတွက် သတ်မှတ်ထားသည့်အခြေခံရည်ညွှန်းဈေးအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက် မပိုသောဈေးနှုန်းဖြင့် ရောင်းချကြရန် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့ ဆောင်စရိတ်များဖြင့် အမှန်တကယ်ဖြန့်ဖြူးရောင်းချနေမှု ရှိ/မရှိ၊ ဝိသမလောဘဇောဖြင့် ဈေးနှုန်းမြှင့်တင် မရောင်းချရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် တရာမဝင်သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန်နှင့် ထိုသို့ ပြုလုပ်မှုများအား စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အသိပညာပေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)