Main menu

“ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး”

Powered by Drupal

       ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များအား (၂၄-၄-၂၀၂၄)ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ ဆေးဆိုင်များသို့ကွင်းဆင်း၍ ကျန်းမာရေးဦးစီးဌာနမှချမှတ်ပေးသော  စည်းကမ်းများအတိုင်းရောင်းချကြရန်နှင့် ပိုးသတ်‌ဆေး၊ သောက်ဆေး၊ ထိုး‌‌ဆေးများအား ပြည်သူများအား အလွယ်တကူရောင်းချခြင်းမပြုကြရန်နှင့် ဆရာဝန်ထောက်ခံချက်လက်မှတ်ပါမှသာ ရောင်းချပေးရန်ရှင်းလင်းပြောကြားခဲ့ပါသည်။ မိမိတို့ဆေးဆိုင်မှ ဝယ်ယူတင်သွင်းသော ဆေးအမျိုးအစားအလိုက်နှင့် ဆေးကုမ္ပဏီအမည်၊ တစ်ရက်ရောင်းချနိုင်မှုဆေးအမျိုးအစား၊ ဆေးလက်ကျန်စာရင်းများအား လယ်ဂျာစာရင်းထားရှိ၍ လကုန်ရက်နေ့တွင် ခရိုင်ပြည်သူ့ကျန်းမာ‌ရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနသို့ ပေးပို့ပေးရန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က လုပ်ငန်းလိုင်စင်သတ်တမ်းကုန်သော ဆေးဆိုင်များအား လိုင်စင်သက်တမ်းတိုးရန်မှာကြားပြီး စားသုံးသူ‌‌ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံကလည်း ပြည်သူများလက်ဝယ်သို့ သင့်တင့်သောစျေးနှုန်းများဖြင့်ရောင်းချပေးရန်နှင့် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိမှုမရှိစေရေး ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ ဆေးပစ္စည်းအရောင်းဆိုင်(၁၅)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)