Main menu

တိုက်ကြီးမြို့နယ်တွင် ဝက်သားသတ်လိုင်စင်ရဆိုင်ရှင်အား တွေ့ဆုံခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲရုံးမှ ရုံးအုပ် ဒေါ်တင်တင်ဌေးသည် တိုက်ကြီးမြို့နယ်၊ မြို့မဈေးအတွင်း ဝက်သားသတ်လိုင်စင်ရရှိသူ ဦးဝေယံရဲမြင့်အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

      တိုက်ကြီးမြို့နယ်၌ ယခင်နှစ်များအတွင်း လိုင်စင်ရရှိသူများသည် ဈေးအတွင်း/ ဈေးပြင်ကိုဖြန့်ဖြူးမှုမရှိဘဲ ၎င်းဆိုင်၌သာဝယ်ယူရပြီး ပြင်ပရောင်းချခွင့်မပြုခဲ့ပါ။ (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် ဝက်သားလိုင်စင်ရရှိသူ ဦးဝေယံရဲမြင့်က ဈေးအတွင်း/အပြင်ရှိ ဝက်သားအရောင်းဆိုင်များကိုလည်း ဆက်လက်ဖြန့်ဖြူးရောင်းချပေးခဲ့ပြီး   ဝက်သားသန့်သန့်တစ်ပိဿာလျှင် ၈၄၀၀ကျပ်၊ သုံးထပ်သားတစ်ပိဿာလျှင် ၆၄၀၀ကျပ်၊ ဝက်တွင်း(ကလီစာ)တစ်ပိဿာလျှင် ၅၂၀၀ကျပ်၊ ရိုးရိုးသားတစ်ပိဿာလျှင် ၄၅၀၀ကျပ်၊ အရိုးအသားတစ်ပိဿာလျှင် ၃၉၀၀ကျပ်၊ နံရိုး/ ခေါင်းသားတစ်ပိဿာလျှင် ၅၂၀၀ကျပ်နှင့် ဝက်ခြေထောက်တစ်ပိဿာလျှင် ၃၂၀၀ကျပ်ဖြင့် လက်လီ/ လက်ကားရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)