Main menu

ကန့်ဘလူမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများကို စားအုန်းဆီများရောင်းချပေး

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီ အမံဖြင့် စားအုန်းဆီများကို ခရိုင်ဆီလုပ်ငန်းရှင်များအသင်းမှ ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည် ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ ကကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။  

            ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် အမှတ်(၃)ရပ်ကွက် ကန့်ဘလူခရိုင်စုပေါင်းရုံးတွင် ဌာနဆိုင်ရာဝန်ထမ်းများကို တစ်ဦးလျှင်(၁)ပိဿာနှုန်း စားအုန်းဆီ (၁)ပိဿာလျှင် ၆၀၀၀ ကျပ်ဖြင့် ရောင်းချပေးခဲ့ပြီး ဝန်ထမ်း (၉၉၀)ဦးအတွက် စားအုန်းဆီ ၉၉၀ ပိဿာ ရောင်းချပေးခဲ့ကြောင်း ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရှိရပါသည်။        

DOCA(စစ်ကိုင်း)