Main menu

မုံရွာမြို့၊ ပြည်ထောင်စုဈေးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေး

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက် ကုန်များကို စိုက်ပျိုး၊ မွေးမြူ ထုတ်လုပ်သူများမှ ဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို ၂၀၂၄ ခုနှစ်၊ ဧပြီလ စတုတ္ထအပတ် ၂၇ ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင်စုဈေး တို့တွင်    နံနက် (၀၇:၀၀) နာရီအချိန်တွင် သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေး လျက်ရှိပါသည်။

        ထိုသို့ရောင်းချခဲ့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်၏ ကြီးကြပ်မှု ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့ သည် အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှု မရှိစေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး/မွေးမြူ/ ထုတ်လုပ်သူများနှင့် ပူးပေါင်းကာ စားအုန်းဆီတစ်ပိဿာလျှင် ၅၈၅၀ ကျပ်၊ ဝယ်ယူသည့်ပြည်သူ များ အဆင်ပြေစေရန် ကောင်တာ (၅) ခုခွဲ၍ ဆီ (၆၆၀) ပိဿာ၊ ဆန်တစ် ပြည်လျှင် ၃၀၀၀ ကျပ်၊ ဆန်(၂၄)ပြည် ဝင်အိတ် (၂၀) အိတ်၊  ကြက်ဥ (၅) လုံးတစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ ကြက်ဥ အလုံး(၂၇၀၀)၊ ငုံးဥ ( ၁၆ ) လုံးတစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ အလုံး( ၃၀၀၀ )နှင့် ကြာဇံများ၊ ခေါက်ဆွဲ ခြောက်များ၊ ကုလား ပဲမှုန့်များ၊ ကိတ်စို/ကိတ်ခြောက်များနှင့် ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံ များ ကို ပြင်ပပေါက် ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး ခဲ့ကြောင်းသိရှိရပါ သည်။

  DOCA(စစ်ကိုင်း)