Main menu

စစ်ကိုင်းမြို့ပေါ်ရှီ ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

Powered by Drupal

                  ပြည်တွင်းစားသုံးဆီလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးသည် စစ်ကိုင်းခရိုင် ဦးစီးမှူးရုံး၌ ဧပြီ ၁၀ ရက်နေ့က စစ်ကိုင်းမြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင် (၇)ဦးအား ဖိတ်ကြားတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

         စစ်ကိုင်းခရိုင် ဦးစီးမှူး ဒေါ်သန်းသန်းတင်က ဆွေးနွေးပြောကြားရာတွင် ဆီထွက်သီးနှံနှင့် ပတ်သက်၍ မိမိတို့နိုင်ငံအနေဖြင့် နှစ်စဉ်ပြည်ပမှာ စားသုံးဆီများကို တင်သွင်းနေရကြောင်း၊ ပြည် တွင်းမှ ထွက်ရှိသည့် ဆီထွက်သီးနှံထွက်ကုန်များကို ပြည်ပသို့တင်ပို့နေခြင်းများလည်းရှိပါကြောင်း၊ ဆီထွက်သီးနှံများကို တစ်ဧကအထွက်နှုန်းတိုးအောင် တစ်နည်းအားဖြင့် ပန်းတိုင်အထွက်နှုန်းရရှိ အောင် စိုက်ပျိုးရေးဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများက တောင်သူများကိုပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဆီစက်လုပ်ငန်းများအနေဖြင့်လည်း ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါသဖြင့် မိမိတို့၏ ဆီစက်များကို ခေတ်မီစက်ကရိယာများဖြင့် အစားထိုးလဲလှယ်ပြုပြင်တပ်ဆင်ကြရန်၊ ရပ်နားထားသောဆီစက်များ အမြန်ဆုံးပြန်လည် လည်ပတ်နိုင်အောင်ပြင်ဆင်ရန်၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)လက်မှတ်ရအောင် လျှောက်ထားကြရန် ပြောကြားခဲ့ပြီး၊ စစ်ကိုင်းခရိုင်ရုံး ဝန်ထမ်းများက  တက်ရောက်လာသော ဆီစက်လုပ်ငန်းရှင်များ၏ ဆီစက်များ စက်တပ်ဆင်အင်အားနှင့် ထုတ်လုပ်နိုင်မှုစွမ်းအား၊ လက်ရှိကြိတ်ခွဲ ထုတ်လုပ်နိုင်မှုပမာဏနှင့် ချေးငွေလိုအပ်မှုရှိ/မရှိ စာရင်းများ ကောက်ယူခဲ့ကြောင်း သတင်းရရှိပါသည်။

  DOCA(စစ်ကိုင်း)