Main menu

ဦးရန်နိုင်ထွေးစားသောက်ကုန်လုပ်ငန်းအား စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ စက်မှုဇုန်များတွင် စီးပွားရေးလုပ်ကိုင် ဆောင်ရွက်နေသော လုပ်ငန်းရှင်များ၏ လုပ်ငန်းဆောင်ရွက်မှုအခက်အခဲများကိုသိရှိနိုင်ရန် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့်ဝန်ထမ်းများသည် ၂၂..၂၀၂၄ ရက်နေ့ နေ့လယ် (၁၅:၀၀) နာရီတွင် ရွာသာကြီး(အလတ်စား) စက်မှုဇုန်အတွင်းရှိ အမှတ်(၈၀)၊ ရာဇ သင်္ကြန်လမ်း၊ တောင်ဒဂုံမြို့နယ်၏  “ ဦးရန်နိုင်ထွေးစားသောက်ကုန်လုပ်ငန်းအား” သွားရောက်စစ်ဆေးခဲ့ရာ ၎င်းလုပ်ငန်းသည် မြေနေရာ ငှားရမ်းအသုံးပြုလုပ်ကိုင်ဆောင်ရွက်ရသဖြင့် ငွေကြေးအခက်အခဲကြောင့် ၂၀၁၄-၂၀၁၅  ခုနှစ်တွင် မြေနေရာပြန်လည်အပ်နှံခဲ့ကြောင်း၊ ရွာသာကြီး (အလတ်စား)စက်မှုဇုန် ကော်မတီရုံးမှ ဖြေကြားခဲ့ပြီး လုပ်ငန်းပိတ်သိမ်းထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။

DOCA(ရန်ကုန်)