Main menu

အိန္ဒိယ၏ ပေါင်းဆန်တင်ပို့မှုအပေါ် အခွန်စည်းကြပ်မှုက ထိုင်းဆန်အတွက် သတင်းကောင်းဖြစ်

Powered by Drupal



     ပေါင်းဆန်တင်ပို့မှုအပေါ် အခွန်စည်းကြပ်မှုကို သက်တမ်းတိုးမည့် အိန္ဒိယနိုင်ငံ၏ မူဝါဒသည် ၁၀ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ပေါင်းဆန် အဝယ်အမှာစာများကို ပိုမိုလက်ခံရရှိနိုင် မည့် ထိုင်းဆန်တင်ပို့သူများအတွက် သတင်းကောင်းတစ်ခုဖြစ်နိုင်ကြောင်း ထိုင်းဆန်တင်ပို့ ရောင်း ချသူများအသင်းက ပြောကြားခဲ့သည်။

     ထိုင်းနိုင်ငံ၏ ပေါင်းဆန်တင်ပို့မှုသည် ၂၀၁၄ ခုနှစ်တွင် နိုင်ဂျီးရီယား၊ ဘီနင်နှင့် ကင်မရွန်း တို့အပါအဝင် အဓိကစျေးကွက်များသို့ တန်ချိန် ၃.၂၆ သန်းအထိ စံချိန်တင်အမြင့်ဆုံးသို့ ရောက် ရှိခဲ့ကြောင်း အဆိုပါကုန်သည်အသင်း၏ ဥက္ကဋ္ဌ Kobsuk Iamsuri က ၁၉-၄-၂၀၂၄ နေ့တွင် ပြော ကြားခဲ့သည်။.သို့ရာတွင် ထိုင်းပြည်တွင်း၌ စားသုံးရန်မဟုတ်ပဲ ပြည်ပတင်ပို့ရန်သာ ထုတ်လုပ် သည့် ထိုင်းပေါင်းဆန်သည် ထုတ်လုပ်မှုစရိတ်ကြီးမြင့်ခြင်းကြောင့် အိန္ဒိယအပါအဝင် ပြိုင်ဖက်များ ထက် စျေးနှုန်းပိုမိုမြင့်မားပြီး လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ဝယ်လိုအားမှာ သိသာစွာ ကျဆင်းခဲ့သည်။

    လက်ရှိကာလတွင် ထိုင်းပေါင်းဆန်ကို တစ်တန်လျှင် ပျမ်းမျှ ၆၀၆ အမေရိကန်ဒေါ်လာနှုန်း ဖြင့် ရောင်းချလျက်ရှိပြီး အိန္ဒိယ၏ ပေါင်းဆန်စျေးနှုန်းမှာ တစ်တန်လျှင် ၅၅၁ - ၅၅၅ ဒေါ်လာ ဝန်းကျင်သာရှိသည်။ ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ပေါင်းဆန်တင်ပို့မှုသည် တန်ချိန် ၁.၅၁ သန်းရှိပြီး ၂၀၂၃ ခုနှစ် ၌ တန်ချိန် ၁.၃၅ သန်းအထိ ကျဆင်းသွားခဲ့ကြောင်း Ms. Kobsuk က ပြောကြားခဲ့ပါသည်။ ယင်း ကြောင့် ဆန်စက်အများစုသည် ပေါင်းဆန် ထုတ်လုပ်မှုကို ရပ်ဆိုင်းလျက် ဆန်ဖြူကြိတ်ခွဲမှုကိုသာ  အလေးပေးဆောင်ရွက်ခဲ့ရာ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များတွင် ဆန်ဖြူတင်ပို့မှုမှာ တန်ချိန် ၃.၈ သန်းနှင့် ၄.၉ သန်း အသီးသီး တင်ပို့နိုင်ခဲ့သည်။အိန္ဒိယ၏ အခွန်မူဝါဒကြောင့် ထိုင်းပေါင်းဆန်တင်ပို့သူများအတွက် ပိုမိုကောင်းမွန်သည့် အခြေအနေသို့ ပြောင်းလဲလာနိုင်ကြောင်း၊ ထိုင်းနိုင်ငံ ဆန်တင်ပို့မှုမှာ ၂၀၂၄ ခုနှစ် မတ်လ၌ စုစုပေါင်း တန်ချိန် ၈၀၀၀၀၀ ခန့်ရှိမည်ဟု ထိုင်းဆန်တင်ပို့ ရောင်းချသူများအသင်းက ခန့်မှန်းထား ရာတွင်  ပေါင်းဆန်သည် ယခင်လများနှင့် နှိုင်းယှဉ်ပါက ပမာဏ ပိုမိုများပြားစွာ ပါဝင်မှုရှိကြောင်း Ms. Kobsuk က ပြောကြားခဲ့သည်။

     ထိုင်းဆန်စက်လုပ်ငန်းများအသင်း ဥက္ကဋ္ဌ Rangsan Sabaimuang ကလည်း ပြည်တွင်းရှိ ဆန်စက်များအနေဖြင့် အမှာစာ များများရရှိပါက ပေါင်းဆန်ထုတ်လုပ်ခြင်းသို့ ပြန်လည် ပြောင်းလဲ ကြိတ်ခွဲရန်မှာ ပြဿနာမရှိကြောင်း၊ ထိုင်းဆန်ကြိတ်ခွဲမှုလုပ်ငန်းနယ်ပယ်သည် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားသဖြင့်  ဆန်စက်များသည် စျေးကွက်ဝယ်လိုအားနှင့်အညီ ချက်ခြင်းချိန်ညှိ၍ ထုတ်လုပ် ပေးလိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထိုင်းအကောက်ခွန်ဦးစီးဌာန၏ စာရင်းအင်းများအရ ၂၀၂၄ ခုနှစ် ပထမ ၂ လတွင် ထိုင်း နိုင်ငံသည် ဆန်တန်ချိန် ၁.၇၄ သန်း တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူထက် ၂၄.၄% တိုးတက်ခဲ့ကြောင်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၁၂ ဘီလီယံရှိပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ် ပါက ၅၅.၁% မြင့်တက်လာကြောင်း၊ အဆိုပါကာလအတွင်း ပေါင်းဆန်သည် စုစုပေါင်းတင်ပို့မှု၏ ၁၀၈၉၉၇ တန်သာ ပါဝင်ခဲ့ကြောင်း သိရှိရသည်။

Source: Nation Thailand, 20 Apr 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)