![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/7.12_1.jpg?itok=ffBWqN_b)
ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။
၂၀၂၄ခုနှစ်၊ ဧပြီလ ပထမပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး(ရိုးရိုး) (၁)လုံးလျှင် (၈၀၀ မှ ၁၀၀၀)ကျပ်ထိ၊ ပန်းသီး(အိတ်စွပ်) (၁)လုံးလျှင် (၂၅၀၀) ကျပ်၊ စပျစ်သီး(အလုံးကြီး)(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ စပျစ်သီး(အချွန်း) (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင် (၂၀၀၀)ကျပ်၊ မြစ်ကြီးနားမှ ထွက်ရှိသော ခွန်စိမ်း ရိုးရိုး (၁)ဖီးလျှင် (၂၅၀၀)ကျပ်၊ ဖရဲသီးအကြီး (၁)လုံးလျှင်(၆၀၀၀)ကျပ်၊ မက်မန်းသီး (၁) ပိဿာလျှင် (၅၀၀၀)ကျပ်၊ စတော်ဘယ်ရီသီး(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ သခွားမွှေး(၁)လုံး လျှင် (၂၅၀၀)ကျပ်၊ ရွှေလိမ္မော်သီး (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်ဖြင့် ရောင်းချရသောကြောင့် ယခင်အပတ် နှင့်နှိုင်းယှဉ်ပါက ယခင်အပတ်ထက် စပျစ်သီး(အလုံးကြီး) (၁)ပိဿာလျှင် (၂၀၀၀) ကျပ် ဈေးနှုန်းမြင့်တက်ကာ ဖရဲသီးအကြီး (၁)လုံးလျှင် (၁၀၀၀)ကျပ်၊ သခွားမွှေး (၁)လုံးလျှင် (၅၀၀)ကျပ်ဈေးနှုန်းကျဆင်းပြီး ကျန်သစ်သီးဈေးနှုန်းများမှာ ပုံမှန်အတိုင်းအရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)