Main menu

ဗီယက်နမ်၏ ဆန်ပို့ကုန် တန်ဖိုးမြင့်တက်လာ

Powered by Drupal

     ဗီယက်နမ်နိုင်ငံသည် ယခုနှစ်အတွင်း မတ်လကုန်အထိ ဆန်တန်ချိန် ၁.၆ သန်းခန့် တင်ပို့ခဲ့ပြီး  ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဝင်ငွေအားဖြင့် ၅၀% တိုးတက်လျက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် ရရှိမည်ဟု ခန့်မှန်းရကြောင်း Vietnam Plus သတင်းဌာနက ဖော်ပြထား သည်။ အဆိုပါရလဒ်က ၂၀၂၄ ခုနှစ် တစ်နှစ်လုံးအတွက် အလားအလာကောင်းမွန်ပြီး ၃၄ နှစ်တာ ကာလအတွင်း ဗီယက်နမ်၏ ဆန်တင်ပို့မှု အမြင့်မားဆုံး အခြေအနေသို့ ရောက်ရှိမည်ကို ညွှန်ပြ လျက်ရှိသည်။

    ဗီယက်နမ် ကုမ္ပဏီလုပ်ငန်းစုတစ်ခုဖြစ်သော Tan Long Group သည် အရည်အသွေးမြင့် ဆန်များကို ဥရောပဈေးကွက်သို့ ပေးသွင်းခြင်းအပြင် ၂၀၂၃ ခုနှစ်မှစတင်၍ ပုံမှန်ဆန်တင်ပို့ခြင်းကို  ဆောင်ရွက်လျက်ရှိပါသည်။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ အာဖရိကနှင့် အရှေ့ အလယ်ပိုင်းဒေသ နိုင်ငံများကဲ့သို့ အဓိက သမရိုးကျဈေးကွက်များသို့ ဆန်တင်ပို့မှုမှာ တိုးတက် ကောင်းမွန်မည်ဟု ခန့်မှန်းထားသည်။

    ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ပြည်ပသို့ ဆန် တင်ပို့မှု ၁၅% တိုးတက်လာမှုနှင့်အတူ ကုန်သွယ်မှုဝင်ငွေသည် ၄၅% အထိ သိသာစွာ မြင့်တက်လာနိုင်ကြောင်းနှင့် အခြားသော ချိန်ညှိပြင်ဆင်ရမည့် အချက်များရှိနေသော်လည်း ဗီယက်နမ် ဆန်ဈေးသည် ထိုင်းနှင့် အိန္ဒိယဆန်များထက် ဆက်လက်မြင့်မားဖွယ်ရှိကြောင်း သိရှိရသည်။

    လက်ရှိကာလတွင် ဥရောပနှင့် အာရှသို့ ဗီယက်နမ် ဆန်မွှေးတင်ပို့မှု စျေးနှုန်းမှာ ၁ တန် လျှင် အမေရိကန်ဒေါ်လာ ၇၀၀ ကျော်ရှိပြီး ရောင်းလိုအားအပိုင်း၌ အကန့်အသတ်ရှိမှုများကြောင့် ၂၀၂၄ ခုနှစ်တွင် ဆန်ဈေးတက်လာမည်ဟု ခန့်မှန်းချက်များအရ သိရပါသည်။

Source: Vietnam Plus, March 31, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)