Main menu

ဖိလစ်ပိုင်ဈေးကွက်သို့ ဗီယက်နမ်ဆန်တင်ပို့ရာတွင် ယှဉ်ပြိုင်မှုများ မြင့်မားလာ

Powered by Drupal

   ဖိလစ်ပိုင်အစိုးရသည် ဗီယက်နမ်ဆန်အပေါ် များစွာမှီခိုနေမှုကိုလျှော့ချပြီး အခြားဆန် ရောင်းချနေသည့်နိုင်ငံများမှ ဝယ်ယူသွားရန်ကြိုးပမ်းလျက်ရှိသည်ဟု ဗီယက်နမ် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ မူဝါဒချမှတ်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များသို့ ဖိလစ်ပိုင်နိုင်ငံအခြေစိုက် ဗီယက်နမ်ကုန်သွယ်မှုရုံးက သတိပေးပြောကြားခဲ့ပါသည်။

    မကြာ‌သေးမီက ပြည်ပနိုင်ငံများရှိ ဗီယက်နမ်ကုန်သွယ်မှုရုံးများနှင့် ပူးတွဲကျင်းပခဲ့သော ကုန်သွယ်မှုမြှင့်ရေးညီလာခံ တစ်ခုတွင် ဖိလစ်ပိုင်နိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးသံမှူး Phung Van Thanh က ဖိလစ်ပိုင်နိုင်ငံ၏ ပြည်တွင်း၌ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ စားသုံးသူများ၏ ဝယ်လိုအားကို ပြည့်မီအောင် ဖြည့်ဆည်းနိုင်ခြင်းမရှိကြောင်း၊ ဗီယက်နမ် ဆန်လုပ်ငန်းရှင်များ အနေဖြင့် ဖိလစ်ပိုင် ဆန်တင်သွင်းသူများနှင့် ကာလကြာရှည်စွာ စီးပွားရေးဆက်ဆံမှုမှတစ်ဆင့် ဂုဏ်သိက္ခာနှင့် ယုံကြည်မှုတို့ကို တည်ဆောက်နိုင်သဖြင့် ဖိလစ်ပိုင်ဈေးကွက်၌ ဗီယက်နမ်ဆန် သည် အားသာချက်ရရှိထားကြောင်း ပြောကြားခဲ့ပါသည်။

     ဗီယက်နမ်ဆန်သည် ဖိလစ်ပိုင်စားသုံးသူများအတွက် အောက်ခြေ၊ အလယ်အလတ်အဆင့် အတန်းလူတန်းစားမှသည် ချမ်းသာသည့်လူတန်းစားအထိ အရသာ၊ စားသုံးမှု အလေ့အထစသည့် ကွဲပြားသောလိုအပ်ချက်အမျိုးမျိုးနှင့် သင့်လျော်ကြောင်း၊ ဈေးနှုန်းမှာလည်း သက်သာမှုရှိသဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်းနှင့် ဗီယက်နမ်၏ ဆန်ရောင်းလိုအားသည် အရေအတွက်နှင့် ဈေးနှုန်း နှစ်ရပ်လုံး၌ တည်ငြိမ်မှုရှိခဲ့ကြောင်း Mr. Thanh က ပြောဆိုခဲ့သည်။ 

     ဖိလစ်ပိုင်နိုင်ငံ၏ နှစ်စဉ်ဆန် တင်သွင်းမှုလိုအပ်ချက်အတွက် ဗီယက်နမ်ဆန်က ပြည့်မီ စေရန် ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်းနှင့်  နှစ်နိုင်ငံအကြား ပထဝီအကွာအဝေးသည်လည်း စရိတ် လျော့နည်းသက်သာစေပြီး သယ်ယူပို့ဆောင်ရေးအတွက် အဆင်ပြေချောမွေ့စေခဲ့ကြောင်း သိရှိရပါသည်။ အထူးသဖြင့် အခြားအာဆီယံမဟုတ်သော နိုင်ငံများဖြစ်ကြသည့် အိန္ဒိယနှင့် ပါကစ္စတန်  တို့နှင့် နှိုင်းယှဉ်ပါက ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ဗီယက်နမ်နိုင်ငံသည် နှစ်နိုင်ငံနှင့် နိုင်ငံစုံ ကုန်သွယ်မှု သဘောတူညီချက်များ ရေးထိုးထားသည့် အားသာချက်ကို ရရှိထားသည်။

    Mr. Thanh က ဖိလစ်ပိုင်နိုင်ငံသည် နှစ်စဉ်ဆန်တင်သွင်းမှုမြင့်မားလျက်ရှိပြီး ၂ဝ၂၄ ခုနှစ် အတွင်း ဆန်တန်ချိန် ၃.၅ သန်းမှ ၃.၈ သန်းအထိတင်သွင်းနိုင်မည်ဟု မျှော်လင့်ရကြောင်း၊ လတ် တလော နှစ်ကာလများ၌ ဖိလစ်ပိုင်သည် ဗီယက်နမ်၏ အရေးပါသောဆန်ပို့ကုန် ဈေးကွက် ဖြစ် လာခဲ့ကြောင်းနှင့် ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့သူများအနေဖြင့် ဈေးကွက်အသစ်များတွင် အခွင့် အလမ်းသစ်များရရှိရန် ကြိုးပမ်းသကဲ့သို့ ဖိလစ်ပိုင်ဈေးကွက်တွင်လည်း ဗီယက်နမ်၏ ထိပ်တန်း ဆန်တင်ပို့သည့်နေရာကို ဆက်လက်ထိန်းသိမ်းနိုင်ရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း အကြံပြု ပြောကြားခဲ့ပါသည်။  ထို့အပြင် ဗီယက်နမ် ဆန်ပို့ကုန်လုပ်ငန်းရှင်များသည် ဖိလစ်ပိုင် နိုင်ငံအတွင်းရှိ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၊ ဗီယက်နမ်သံရုံးနှင့် ကုန်သွယ်မှုရုံးများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ဗီယက်နမ်ဆန်ထုတ်ကုန်များအတွက် ကုန်သွယ်မှုတိုးတက်ရေး အစီအစဉ် များကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ဖိလစ်ပိုင်ဈေးကွက် သို့ ဗီယက်နမ်ဆန်တင်ပို့မှုမှ ပို့ကုန်တန်ဖိုးများ တိုးတက်ရရှိစေရန်၊ ဗီယက်နမ်ဆန်၏ အရည် အသွေးကို တည်ငြိမ်စေရန်နှင့် အစဉ်အမြဲ တိုးတက်စေရန် ဆက်လက်လုပ်ဆောင်ရမည် ဖြစ် ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

   စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၊ သွင်းကုန်-ပို့ကုန်ဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦးက ဗီယက်နမ်နိုင်ငံ၏ဆန်လုပ်ငန်းမှာ ၂ဝ၂၄ ခုနှစ်အတွင်း အခွင့်အလမ်းများ ကြီးမားစွာပေါ်ထွက်လာ ခဲ့သော်လည်း စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နေရကြောင်းနှင့် ကမ္ဘာ့ဆန်ဈေးကွက်တွင် ယခုနှစ် အတွင်း လှုပ်ခတ်မှုများဖြစ်ပေါ်နေသဖြင့် ဗီယက်နမ်ဆန်လုပ်ငန်းရှင်များသည် ဆန်ဈေးကွက်ကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး ဆန်လုပ်ငန်းကို ထိရောက်ပြီး ရေရှည်ထိန်းသိမ်းနိုင်သော လုပ်ငန်း ဖြစ်စေရေးအတွက် ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

     ဗီယက်နမ် စက်မှုနှင့်ကုန်သွယ်ရေး ဝန်ကြီးဌာနသည် ဗီယက်နမ်ဆန်ပို့ကုန်ကို ဈေးကွက်အမျိုးမျိုးသို့ တင်ပို့နိုင်ရန်နှင့် အလားအလာ ကောင်းမွန်သောဈေးကွက်များတွင် အခွင့်အရေးများကို အသာစီးရယူ၍ ဗီယက်နမ်ဆန်ယှဉ်ပြိုင်မှုကို တိုးတက်စေရန်တို့အတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး တက်ကြွစွာ စေ့စပ်ဆွေးနွေးသွားမည်ဖြစ် ကြောင်း သိရှိရပါသည်။

Source: Vietnam News, April 02, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)