Main menu

အင်ဒိုနီးရှားနိုင်ငံ၏ ဆန်အထွက်နှုန်း ဇန်နဝါရီလမှ ဧပြီလအထိ ကျဆင်းမည်ဟု ခန့်မှန်းထား

Powered by Drupal

      ဇန်နဝါရီလမှ ဧပြီလအထိ ရိတ်သိမ်းကာလတွင် အင်ဒိုနီးရှားဆန်စပါးအထွက်နှုန်းသည် ခြောက်သွေ့သော ရာသီဥတုအခြေအနေကြောင့် ၁.၃၉ ရာခိုင်နှုန်း အထိကျဆင်းသွားကြောင်း ကိန်းဂဏန်းစာရင်းအင်းဗျူရိုမှ မတ်လ (၁) ရက်တွင် ဖော်ပြထားပါသည်။ ပြီးခဲ့သည်နှစ်ထက် ၁၇.၅၂ ရာခိုင်နှုန်းခန့် ကျဆင်းမည်ဟုလည်း ခန့်မှန်းထားကြသည်။

     အရှေ့တောင်အာရှနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် စပါးတန်ချိန် ၃၁.၁သန်း ထုတ်လုပ် ခဲ့ကြောင်း အင်ဒိုနီးရှားစာရင်းအင်းတွင် ဖော်ပြထားသည်။ ဇန်နဝါရီလမှ ဧပြီလအထိ စပါးအထွက်နှုန်းခန့်မှန်းခြေမှာ ၁၀.၇ သန်းခန်ရှိပြီး ယခင်နှစ်ထက် ၁၃ သန်းကျဆင်းခဲ့သည်။

      ၂၀၂၃ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း အယ်နီညို ရာသီဥတုအခြေအနေကြောင့် လယ်သမားအချို့ စိုက်ပျိုးရေးအခက်အခဲများနှင့် ကြုံတွေ့ခဲ့ရကာ ၂၀၂၄ ဇန်နဝါရီလမှ ဧပြီလအ ထိ စပါးထုတ်လုပ်သောနယ်ပယ်ဒေသများမှာ ၁၆ ရာခိုင်နှုန်းခန့် လျော့နည်းသွားမည်ဟု ခန့်မှန်း ကြသည်။

     ထိုသို့ စပါးအထွက်နှုန်းနည်းပါးခြင်းကြောင့် စပါးလက်လီစျေးတက်ခြင်းသည် အရှေ့တောင်အာရှနိုင်ငံများ၏ ဖေဖော်ဝါရီလခေါင်းကြီးပိုင်း ငွေကြေးဖောင်းပွမှုနှုန်းကို ခန့်မှန်းထားသည်ထက် ကျော်လွန်နေသည်။

      စာရင်းအင်းများအရ စပါးအဆင့်အားလုံးအတွက် အကျုံးဝင်သောလက်လီ ဆန်စျေးနှုန်း အညွှန်းကိန်းသည် ဖေဖော်ဝါရီလတွင် တစ်ကီလိုလျှင် အင်ဒိုနီးရှား ရူပီယာ ၁၅၁၅၇ (စင်ကာပူဒေါ်လာ ၁.၃၀) ဖြင့် အမြင့်ဆုံးစံချိန်တင်လျက်ရှိသည်။

 

Source : The business Times   

DOCA(ရန်ကုန်)