Main menu

Terminal (206) စက်သုံးဆီဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှုးရုံးအနေဖြင့် ခရိုင်အတွင်းမြို့နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများသည် PPRD မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်းရှိ/ မရှိနှင့် စက်သုံးဆီပြတ်လပ်မှုရှိ/ မရှိ စသည့်အခြေအနေများကို တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့တင်ပြလျက်ရှိပါသည်။

     ထိုသို့တင်ပြမှုများဆောင်ရွက်လျက်ရှိရာ (၂၃-၃-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဒဂုံမြို့သစ်ခရိုင်အတွင်း တာဝန်ကျဝန်ထမ်းများက မြောက်ဒဂုံမြို့နယ်၊ (၇/၈)လမ်းဆုံ၊ (၃၈) ရက်ကွက်ရှိ Terminal(206) စက်သုံးဆီ ရောင်းဆိုင်သို့ကွင်းဆင်း၍ ဆိုင်တာဝန်ခံများနှင့်တွေ့ဆုံကာ PPRD မှထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိစစ်ဆေးခဲ့ရာ  ရည်ညွှန်းဈေးအတိုင်းရောင်းချလျက်ရှိကြောင်းသိရှိရပြီး စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ 92 တစ်လီတာလျှင် ၂၇၉၅ကျပ်၊ ဓာတ်ဆီ 95 တစ်လီတာလျှင် ၂၉၀၀ကျပ်၊ ဒီဇယ်ဆီတစ်လီတာလျှင် ၂၄၃၅ကျပ်၊ အဆင့်မြင့်ဒီဇယ်ဆီ တစ်လီတာလျှင် ၂၄၈၀ကျပ်တို့ရှိခဲ့ရာ ဆီဈေးနှုန်းတင်ထားသည့် LED Board များကိုပါစစ်ဆေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)