Main menu

ကန့်ဘလူခရိုင်၏ မတ်လအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၄ ခုနှစ် မတ်လအတွင်း စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မိတ်ဖက်ဌာနများနှင့်ပူးပေါင်းကာ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ကန့်ဘလူမြို့ “မြို့မဈေး”ရှိကုန်စုံဆိုင်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၁)ကြိမ်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံ ရုံးအနေဖြင့် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအားစစ်ဆေးခြင်း (၂)ကြိမ် စသည့်ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းစုစုပေါင်း(၃)ကြိမ်၊ ကန့်ဘလူမြို့နယ်အနေဖြင့် စက်သုံးဆီ အရောင်းဆိုင်များအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်၊ ကျွန်းလှမြို့ နယ်အနေဖြင့် စက်သုံးဆီအရောင်းဆိုင်များသို့ အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ် စုစုပေါင်း(၂) ကြိမ် ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့် ထုတ်ပြန်ထားသည့်ကုန်စည်များကို  ရောင်းချခြင်းမပြုရန် အသိပညာပေးမှာကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)