Main menu

ကန့်ဘလူခရိုင်၏ မတ်အတွင်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ အသိပညာပေးဟောပြောပွဲများကို အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်များ ၊ ကျေးရွာများ၊ ဈေးများနှင့်စက်ရုံအလုပ်ရုံတို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

      မတ်လအတွင်း စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်ရာတွင် (၁၂.၃.၂၀၂၄) ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများ နေ့အထိမ်းအမှတ် Talk Show ပြုလုပ်ဆောင်ရွက်ခြင်း၊   (၁၄.၃.၂၀၂၄)ရက်နေ့တွင် ကျွန်းလှမြို့ နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်းများအား အသိပညာပေးဟောပြောခြင်းနှင် (၁၅.၃.၂၀၂၄)ရက် နေ့တွင် ကျွန်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ Talk Show  ပြုလုပ်၍ တာဝန် ရှိသူများမှ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ကျင်းပရသည့် ရည်ရွယ်ချက်များအကြောင်း၊  “ပြည်သူတိုင်းဟာစားသုံးသူဖြစ်တယ်၊ စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးရှိတယ်” ဆိုသည့်အတိုင်း စားသုံးသူအခွင့်အရေး(၈)ချက်ကို သိရှိနားလည်ထားရန်လိုအပ်ကြောင်း၊ စားသုံးသူနစ်နာ ဆုံးရှုံးမှုများကြုံတွေ့လာရပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကိုလည်းကောင်း၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို သေချာစိစစ်ရွေးချယ်ဝယ်ယူ အသုံးပြုကြရန် ဟောပြောဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)