Main menu

“ ကော့မှူးမြို့နယ်၌ စက်သုံးဆီဆိုင်များအား စက်သုံးဆီရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီရောင်းချနေမှုအခြေအနေအား မတ်လ(၁၆)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီတွင် ဗိုလ်ချုပ် လမ်းမကြီး၊ ဘေးဝဲယာတွင် စက်သုံးဆီရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးမှူး၊ မြို့နယ်ရဲမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှဝန်ထမ်းများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် ဗိုလ်ချုပ်လမ်းမကြီးဝဲယာတွင် ရောင်းချလျက်ရှိသော Max ဆီဆိုင်၊ ရွှေသရဖူ ဆီဆိုင်နှင့် Apex စက်သုံးဆီအရောင်းဆိုင်တို့တွင် ယာဉ်များတန်းစီစောင့်ဆိုင်းဝယ်ယူနေရခြင်း ရှိ/မရှိ ခွဲတမ်းအချိုးကျစနစ်ဖြင့် ရောင်းချနေရမှု ရှိ/မရှိ၊ အပြည့်အဝဖြန့်ဖြူးရောင်းချပေးနိုင်ခြင်း ရှိ/မရှိတို့အား မေးမြန်းခဲ့ရာ စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ရှိမန်နေဂျာတို့နှင့် မိမိတို့၏ ဆီဆိုင်တွင် သတ်မှတ်ထားသည့်ခွဲတမ်းများကိုလည်း အချိန်မီထုတ်ယူရရှိနိုင်ပါသဖြင့်မည်သည့် စက်သုံးဆီ အမျိုးအစားကိုမဆို ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ ယာဉ်တန်းစီတိုး၍ ဝယ်ယူနေရသည့် အခြေအနေများမရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ဆက်လက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများက လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများအရ စက်သုံးဆီ သိုလှောင်ကန်များ တွင် စက်သုံးဆီရှိလျက် ဆီဖြန့်ဖြူးရောင်းချပေးလျှက်မရှိသော စက်သုံးဆီအရောင်းဆိုင်များအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေအား ဖွဲ့စည်းမိန့်နှင့်အညီ ပြန်လည်တင်ပြရန် မြို့နယ်စက်သုံးဆီစိစစ်ရေးအဖွဲ့အား ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း အသိပညာပေးဟောပြောခဲ့ပြီး စက်သုံးဆီဆိုင်များမှ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ၊ စက်သုံးဆီဆိုင်များတွင် တပ်ဆင်ထားသော CCTV များမှ Control စနစ်ကောင်းမွန်မှု ရှိ/မရှိ  မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)