Main menu

ကျုံပျော်ခရိုင် ရေကြည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ‌ နွေရာသီအားကစား သင်တန်းသားများအား စားသုံးသူအသိပညာပေးဟောပြော

Powered by Drupal

     ကျုံပျော်ရိုင် ရေကြည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ရေကြည်မြို့နယ် အားကစားရုံအတွင်း နွေရာသီအားကစားသင်တန်း ၊ သင်တန်းသား ၆၈ ဦးအား စားသုံးမှုအကာအကွယ်ပေးရေး အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်၊၊

      ရေကြည်မြို့နယ်တာဝန်ခံ ဒေါ်ချယ်ရီမြင့်က စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ ပေါ်ပေါက်လာပုံ ဥပဒေရည်ရွယ်ချက် ရည်မှန်းချက်များ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC ရုံးဖွင့်လှစ်ပြီး တိုင်ကြားမှုများအပေါ် ဆောင်ရွက် ပေးနေမှုများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ခွင့်မပြု စားသောက်ကုန်၊ လူသုံးကုန်နှင့် မှတ်ပုံတင်မထားသော ဆေးဝါးများအကြောင်း ရက်လွန်အစားအစာများ ၊ ခွင့်မပြုဆိုးဆေးအန္တရာယ်နှင့်ကျန်းမာရေး ထိခိုက်မှုများ စားသုံးရန် မသင့်သော အစားအစာများ ရှောင်ကြည်စားသောက်နိုင်ရေး စားသုံးသူရေးရာအသိပညာများကို အသေးစိတ်ဟောပြော၍ တက်ရောက်လာသူများကို စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)