Main menu

သာကေတမြို့နယ်၊ ယုဇနဆိပ်ကမ်းသို့သွားရောက်၍ တရားမဝင်ကုန်ပစ္စည်းများ တင်‌ဆောင်မှုမရှိစေရေးအဖွဲ့ဖြင့် စစ်ဆေး

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များအနေဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုများကို အထက်ဌာန၏ ချပြသတင်းများအရသော်လည်းကောင်း၊ ရှောင်တခင်စစ်ဆေးခြင်းလုပ်ငန်းများအရသော်လည်းကောင်း၊ တရားမဝင်ကုန်သွယ်မှုဖြစ်ပေါ်နိုင်သည့် ရေလမ်း၊ ကုန်းလမ်းဆုံရာနေရာများ၊ မြို့နယ်များရှိ ကုန်ပစ္စည်းသိုလှောင်ရုံများကို လစဉ်ဖွဲ့စည်းထားသည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များဖြင့် ပူးပေါင်း‌ဆောင်ရွက်လျက်ရှိသည်။

      (၂၂-၃-၂၀၂၄) ရက်နေ့တွင် သာကေတမြို့နယ်၊ ယုဇနဆိပ်ကမ်းရှိ ရန်ကုန်မှ ကော့သောင်းသို့ထွက်ခွာမည့် MV စန္ဒီသင်္ဘောအား သာကေတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများဖြင့် တရားမဝင်ကန့်သတ်ကုန်ပစ္စည်းများ၊ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ သိုဝှက်သယ်ဆောင်မှုမရှိစေရေး စစ်ဆေးခဲ့ကြရာ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ တင်ဆောင်ထားခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပြီး အဆိုပါပစ္စည်းများအား ရန်ကုန်သာကေတယုဇနဆိပ်ကမ်းမှ ကော့သောင်းမြို့သို့ သယ်ဆောင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)