Main menu

ပခုက္ကူမြို့ပေါ်ရှိ မြေပဲဆုံဆီလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်ချက်အရ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၁၄-၃-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ပြည်တွင်းတစ်နိုင်တစ်ပိုင် မြေပဲဆုံဆီလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ ပခုက္ကူမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ မြေပဲဆုံဆီလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်မှာ ၎င်းတို့အနေဖြင့် မြေပဲဆုံဆီများကို  ပုံမှန်လည်ပတ်ကြိတ်ခွဲရကြောင်း၊ မြေပဲဆံကို ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချပေးပြီး ကြိတ်ခွဲကြောင်း၊ (၁)ဆုံကြိတ်ခွဲလျှင် (၁)နာရီ သို့မဟုတ် (၁)နာရီခွဲခန့်ကြိတ်ခွဲရပြီး  တစ်ရက်လျှင် (ညအချိန်မပါ) (၂)ဆုံကြိတ်ခွဲနှုန်းမှာ ပိဿာ(၂၀)ခန့်ပြီးစီးကြောင်း၊ မြေပဲဆန်(၅)ပိဿာကို (၁)ဆုံကြိတ်ခွဲပြီး ကြိတ်ခွဲခမှာ ကျပ်(၂၀၀၀)ယူကြောင်း၊ မြေပဲဆန်ကို လုံးဆန်တစ်မျိုးတည်းသာကြိတ်ခွဲပြီး မြေပဲတစ်ပိဿာလျှင် လက်ရှိအချိန်တွင် ကျပ်(၆၈၀၀)ဖြင့်ဝယ်ယူရကြောင်း၊ ပခုက္ကူမြို့ပေါ်ရှိ မြေပဲပွဲရုံများမှဝယ်ယူရကြောင်း၊ မြေပဲဖတ်တစ်ပိဿာကို ကျပ်(၂၈၀၀)ဖြင့် အိမ်တိုင်ယာရောက် လာရောက်ဝယ်ယူကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်တွင် ရောင်းချမှုနည်းပြီး မိုးကုတ်၊ ရန်ကုန်၊ မုံရွာ၊ နေပြည်တော်မြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ယခင်နှစ်တွင် ရောင်းအားနှေးခဲ့ပြီး  ယခုနှစ်တွင် ရောင်းအားပိုကောင်းလာကြောင်း၊ ကုန်အမှတ်တံဆိပ်မှာလည်း ပြည့်စုံမှုမရှိသေးသဖြင့် လိုအပ်သည့်အချက်များကို ထပ်မံထည့်သွင်းကာ စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်လျှောက်ထားမည်ဖြစ်ကြောင်း မြေပဲဆုံဆီလုပ်ငန်းရှင်၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မကွေး)