Main menu

ဟင်္သာတမြို့နယ် တလုတ္ထော်မြို့ရှိ ဆောင်းနေကြာ စံကွက်ရိတ်သိမ်းပွဲ ကျင်းပ

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံသည် (၁၄.၃.၂၀၂၄) ရက်နေ့ နေ့လယ်(၁၃:၃၀) အချိန်တွင်  ဟင်္သာတခရိုင်စိုက်တိုးမြှင့်အဖွဲ့၊ မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များ၊ တလုတ္ထော်မြို့ အုပ်ချုပ်ရေးမှူး၊ တလုတ္ထော်တိုက်နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဟင်္သာတ မြို့နယ်၊ တလုတ္ထော်မြို့၌ ကျင်းပပြုလုပ်သော ဆီထွက်သီးနှံ ဆောင်းနေကြာ စံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်ခဲ့ပါသည်။

          အဆိုပါ ဆောင်းနေကြာ စံကွက်ရိတ်သိမ်းပွဲကို ဟင်္သာတမြို့နယ် ၊ တလုတ္ထော်မြို့ ၊အမှတ်(၂) ရပ်ကွက်ရှိ တောင်သူ ဦးမောင်ရှင်၏ ဆင်းရွှေကြာ(၂)အမျိုးအစား ဆောင်းသီးနှံနေကြာ စိုက်ခင်း(၁) ဧက၌ စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် (၂၄)တင်းထွက်ရှိခဲ့ပြီး၊ စံကွက်ရိတ်သိမ်းပွဲကို နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)