Main menu

ဇလွန်မြို့နယ် စားသုံးသူရေးရာအသိပညာပေး  TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်၊ မြို့နယ်တာဝန်ခံသည် (၁၃.၃.၂၀၂၄)ရက်နေ့ နံနက် (၁၁:၀၀)နာရီ အချိန်တွင်ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စားသုံးသူရေးရာ အသိပညာပေး Talk Show အစီအစဉ်ကိုဆောင်ရွက် ခဲ့ပါသည်။

          အဆိုပါ အစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးထားမှုအပေါ် စားသုံးသူက လက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိခြင်း၊ ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှု၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ မှန်ကန်သောသတင်းအချက်အလက်နှင့် ပြည့်စုံသော ဝန်ဆောင်မှု အဆင်အတန်းနှင့်အညီ ပြည့်ဝစွာပေးခြင်း၊  စားသုံးသူ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိခြင်း၊ အချက်အလက် များကို စားသုံးသူ သိရှိစေရန် ကြိုတင်အသိပေးခြင်း စသည့် အခြေအနေများအား အသိပညာပေး ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)