Main menu

“ ကော့မှူးမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များနှင့် ဆန်စက်များ၏ စပါးကြိတ်ခွဲရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ကော့မှူးမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များနှင့် ဆန်စက်များမှ စပါးဝယ်ယူကြိတ်ခွဲဖြန့်ဖြူးရောင်းချနေမှုအခြေအနေနှင့် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်၊ ရပ်ကွက်ကျေးရွာများ၌ ဝယ်ယူဖြန့်ဖြူးလက်လီ/ လက်ကာရောင်းချလျက်ရှိသော ဆန်ဆိုင်များသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှဝန်ထမ်းများ၊   စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် ၂၀၂၄ခုနှစ်၊ မတ်လ (၁၀)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လတ်တလောနိုင်ငံရေးဖြစ်စဉ်များအပေါ်  သတင်းမှားများကိုအခြေခံ၍ ပြည်တွင်းဆန်ဈေးနှုန်းများတည်ငြိမ်စေရန်အတွက် ဆောင်ရွက်ရမည့်သတင်းအရ စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် ညွှန်ကြားလာသဖြင့် ကော့မှူးမြို့နယ်အခြေအနေအရ ရေလမ်းကြောင်းဖြင့်မဟုတ်ဘဲ ဧရာဝတီတိုင်းဒေသကြီးဘက်မှ ကုန်းလမ်းကြောင်းဖြင့် ဝင်ရောက်လာသည့် ဆန်ကုန်တင်ယာဉ်များအား သက်ဆိုင်ရာခရိုင်၊ မြို့နယ်များအနေဖြင့် ဝင်ပေါက်ဂိတ်များတွင် ပူးပေါင်းအဖွဲ့ဖြင့်လည်းကောင်း၊ မြို့နယ်အတွင်းရှိ ဆန်စက်၊ သိုလှောင်ရုံများ၊ ဆန်နှင့် ဆန်ထွက်ပစ္စည်းအရောင်းဆိုင်များအား ဆန်ဈေးနှုန်းမြှင့်တင်စေရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိမှုများမရှိစေရန် ပူးပေါင်းအဖွဲ့ဖြင့် ထမ္မနိုင်ကျေးရွာရှိ အောင်ချမ်းညွှန်းဆန်စက်၊ သုခပြည့်စုံ ဆန်စက်တို့တွင် ဆန်စပါးကြိတ်ခွဲဖြန့်ဖြူးရောင်းချနေမှုအခြေအနေများကိုစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား ဆန်ဈေးနှုန်းများမတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သိုလှောင်ဖြန့်ဖြူးရောင်းရောင်းချခြင်းများမပြုလုပ်ကြရန်လိုအပ်ကြောင်း၊ တွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိလိုက်နာကြရန် ပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)