Main menu

မအူပင်မြို့နယ်အတွင်း မတ်ပဲများ လှိုင်လှိုင်ထွက်ပေါ် တောင်သူများအကျိုးအမြတ်ရ

Powered by Drupal

    မတ်ပဲသည် ဈေးကွက်ရရှိနေသော ဆောင်းသီးနှံတစ်ခုဖြစ်သည်။ မတ်ပဲကို စပါးရိတ်သိမ်းပြီး သီးထပ်သီးနှံအဖြစ်လည်း ကိုင်း၊ လယ်မြေများပေါ်တွင် စိုက်ပျိုးကြသည်။ ယခုအခါ မတ်ပဲများ စတင်ရိတ်သိမ်းနေပြီဖြစ်ပြီး ဈေးကွက်အားဖြင့် ဈေးကောင်းရနေသော ဆောင်းသီးနှံ တစ်ခုဖြစ်သည်။ မအူပင်မြို့နယ် တွင် ယခင်နှစ်က မတ်ပဲစိုက်ဧက ၆၁၁၈၈ ဧက စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် ပိုမိုစိုက်ပျိုးနိုင်ကြောင်း သိရသည်။

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း မတ်ပဲများစတင် လှိုင်လှိုင်ထွက်ပေါ်နေပြီးဖြစ်သည်။ (၁၃.၃.၂၀၂၄) ရက်နေ့က မတ်ပဲ တစ်တင်းဈေးနှုန်းမှာ ၉၆၀၀၀ကျပ် ဈေးပေါက်နေပြီး ယခင်နှစ် အလားတူအချိန်တွင် မတ်ပဲဈေးနှုန်း ၆၀၀၀၀ကျပ်ဈေး ပေါက်ခဲ့သည်။ မအူပင်တွင် ကျေးရွာအုပ်စု (၈၈)အုပ်စုရှိပြီး လေးအိမ်တန်းကျေးရွာ၊ ရေလဲ၊ စွန်သိုက်၊ ငကျီးဂရက်  ကျေးရွာများတွင် တစ်ဧက လျှင် ယခုခုနှစ် မတ်ပဲ အထွက်နှုန်းမှာ တစ်ဧက ပျမ်းမျှ (၁၆) တင်းနှုန်းထွက်ဟု သိရပြီး မတ်ပဲများကို လှိုင်သာယာ၊ ရွှေပြည်သာ၊ ရွှေလင်ပန်း စက်မှုဇုန်များသို့ တင်ပို့ရောင်းချနေကြောင်း တောင်သူများထံမှ သိရပြီး၊ မတ်ပဲ အထွက်တိုးအောင် စိုက်ပျိုးလာနိုင်သည်နှင့်အမျှ တောင်သူများဝင်ငွေတိုးပြီး လူနေမှု အဆင့်မြင့်မားလာနိုင်ကြောင်း ကိုအကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)