Main menu

သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့မဈေးအတွင်း စားသုံးဆီရောင်းချနေသောဆိုင်များအား ကုန်အညွှန်းအမှတ်အသားရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ ၂၀၂၄ခုနှစ်၊ မတ်လ(၁၁)ရက်နေ့၌ သာပေါင်းမြို့နယ်၊ မြို့မဈေးကြီးအတွင်းရှိ စားသုံးဆီရောင်းချလျက်ရှိသော ဆိုင်များသို့သွားရောက်ကာ စားအုန်းဆီဘူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်များကိုက်ညီမှုရှိ/မရှိနှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများ၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသော အချက်များပါဝင်မှုရှိ/မရှိ၊ ၎င်းနောက် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ ရေးသားဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်စည်များကိုရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့်ပြည့်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)