Main menu

လေ့လာစရာဥပဒေရေးရာ အဖြာဖြာနှင့် ဥပဒေပြန့်ပွားရေးသင်တန်းဖွင့်လှစ်

Powered by Drupal

     ၂၀၂၄ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” (World Consumer Rights Day) ကို ကြိုဆိုသောအားဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသင်တန်းခန်းမတွင် “လေ့လာစရာဥပဒေရေးရာအဖြာဖြာနှင့်ဥပဒေ ပြန့်ပွားရေး” သင်တန်းအား၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

   သင်တန်းဖွင့်ပွဲအခမ်းအနား၌ စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးက တက်ရောက်အမှာစကားပြောကြားခဲ့ပြီး မန္တလေးတက္ကသိုလ်၊ ဥပဒေပညာဌာန ပါမောက္ခ ဌာနမှူးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် ပတ်သတ်၍ ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ သင်တန်း ကာလ(၂)ရက်အတွင်း မန္တလေးတက္ကသိုလ်ဥပဒေပညာဌာနမှ ပါမောက္ခဆရာ၊ ဆရာမများက စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ စစ်ဆေးရေး အရာရှိများနှင့် ဝန်ထမ်းများအား ဥပဒေဘာသာရပ်များကို အကျယ်တဝင့် ပို့ချဆွေးနွေးခဲ့ပါတယ်။  အဆိုပါသင်တန်းတွင် ဥပဒေ၏ အခြေခံသဘောတရားများ၊ ဥပဒေအမျိုးအစားများ၊ ပြစ်မှု၊ တရားမမှု သဘောတရားများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ ပြည်တွင်းရှိ ဥပဒေများအပြင် နိုင်ငံတကာရှိ ဥပဒေများအား သာဓကများဖြင့် သင်ကြားပို့ချပေးခဲ့ပါတယ်။

     ထို့နောက် “လေ့လာစရာဥပဒေရေးရာ အဖြာဖြာနှင့် ဥပဒေပြန့်ပွားရေး” သင်တန်းအား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့၊နေ့လယ် (၁၆:၀၀) နာရီအချိန်တွင် ပို့ချပြီးမြောက်ခဲ့ကြောင်း သိရှိရပါတယ်။

DOCA(မန္တလေး)