Main menu

ဒေးဒရဲမြို့နယ်၊ မြို့နယ်စစ်ဆေးရေးမှူးသည် စားသုံးဆီဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်စစ်ဆေးရေးမှူး ဦးသိန်းမောင်သည် ၂၀၂၄ခုနှစ်၊ မတ်လ (၅) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့၊ အမှတ်(၁) ရပ်ကွက်၊ ပြည်တော်သာလမ်းနှင့် မြို့မဈေးအတွင်းရှိ စားသုံးဆီဖြန့်ဖြူးရောင်းချသည့် ဆိုင်များသို့သွားရောက်ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးမှုအရ ဒေးဒရဲမြို့နယ်ရှိ စားသုံးဆီဆိုင်များတွင် အိမ်နီးချင်းနိုင်ငံများမှ တရားမဝင်တင်သွင်းလာသည့် ပုစွန်တံဆိပ်ပါ  စားသုံးဆီများကို ရောင်းချမှုမရှိကြောင်း၊ စားအုန်းဆီများကိုလည်း သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းနှင့် တရားမဝင်တင်သွင်းလာသည့် ပုစွန်တံဆိပ်ပါ စားသုံးဆီများနှင့် အလားတူဆီများရောင်းချခြင်းမပြုရန်၊ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချရန်နှင့် ပိုမိုရောင်းချမှုမပြုရန်၊ လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)