Main menu

ဝါးတောစွန်ကျေးရွာပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်၊ ဝါးတောစွန်းကျေးရွာ၌ (၄-၃-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်-၁နှင့် အတွင်းရေးမှူး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူ (၁၂၀)ဦး အား အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြပါသည်။

      အဆိုပါဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁နှင့် အတွင်းရေးမှူး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဌာနတို့မှ ၎င်းတို့ဌာနများ၏ လုပ်ကိုင်ဆောင်ရွက်နေမှုများကို အသီးသီးရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ စားသုံးသူ ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်ပစ္စည်းများကိုဝယ်ယူရာတွင် ရွေးချယ်ရန်လိုအပ်သည့် ကုန်အညွှန်းအမှတ်အသား၊ ပြည်တွင်း ဆန်/စပါး၊ ပဲမျိုးစုံတို့၏ ဈေးနှုန်းအခြေအနေများကို ယခင်နှစ်များနှင့် ယခုနှစ်ဈေးနှုန်းခြားနားချက်နှင့် ထွက်ရှိသည့်သီးနှံများအား နိုင်ငံတော်မှချမှတ်ထားသည့် ပန်းတိုင်၊ ရည်မှန်းချက်အတိုင်းပြည့်မီရေး ကြိုးစားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ပြည်သူများအနေဖြင့် သိရှိလိုသည်များကိုမေးမြန်းကြ၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)