Main menu

စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

     ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ  ခရိုင်ဦးစီးမှူး  ဦးအောင်ကျော်ဦးသည် (၁၁-၃-၂၀၂၄)  ရက်နေ့တွင် ဗန်းမော်မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် စီးပွားရေးလုပ်ငန်းရှင်(၆)ဦးအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၊ ကုန်စည်နှင့်ဝန်ဆောင်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်(၁၁)ချက်၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု၊ စက်သုံးဆီလုပ်ငန်းရှင်များသည် ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ စားသုံးသူကလက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိခြင်း၊ကုန်စည်အရည်အသွေး၊ အချင်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်ခြင်း၊ သုံးစွဲသူ၏လိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်း၊ စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီမှုရှိခြင်း၊ မှန်ကန်သောသတင်းအချက်အလက်နှင့် ပြည့်စုံသောဝန်ဆောင်မှုအဆင့်အတန်းနှင့်အညီ ပြည့်ဝစွာပေးခြင်း၊ စားသုံးသူနှင့်သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်းပေးအပ်စေခြင်း စသည့်အချက်များကို အာမခံချက်ပေးရမည်ဖြစ်ကြောင်း၊ စက်သုံးဆီများရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချကြရန်၊ အချင်အတွယ်မှန်ကန်စွာဖရောင်းချကြရန်၊ စက်သုံးဆီဆိုင်များသို့ ဆီဘောက်ဆာကားများရောက်ရှိမှုအခြေအနေနှင့် စက်သုံးဆီများပြတ်လတ်မှုမရှိစေရေး အလေးထားဆောင်ရွက်ကြရန်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကချင်)