Main menu

အရာထမ်းစွမ်းဆောင်ရည်မြင့်သင်တန်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) အား ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တက်ရောက်ခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးသန့်ဇင်နှင့် ဦးမင်းမင်းဦးတို့သည် (၄-၃-၂၀၂၄) ရက်နေ့မှ (၈-၃-၂၀၂၄) ရက်နေ့အထိ နေပြည်တော်ရုံးချုပ်မှ ဦးစီးကျင်းပသော အရာထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄)ပို့ချမှုကို တက်ရောက်ခဲ့ကြပါသည်။

    သင်တန်းဖွင့်ပွဲတွင် ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းတာဝန်ကို ဌာနဆိုင်ရာအဖွဲ့အစည်းများ၌ မိမိတို့ဆန္ဒနှင့်အညီ ဝင်ရောက်လုပ်ကိုင်ကြသူများဖြစ်ရာ ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး၊ မိမိတို့ဌာန၏ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရုံးလုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာထမ်းဆောင်နိုင်ရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။

     အဆိုပါသင်တန်းတွင် စီမံ‌ရေးရာဌာနခွဲအနေဖြင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ၊ ဝန်ထမ်းရေးရာလုပ်ထုံးလုပ်နည်းများနှင့် ရုံးလုပ်ငန်းလက်စွဲနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ CPU၊ ငွေစာရင်းဌာနခွဲအနေဖြင့် ရသုံးမှန်းခြေငွေစာရင်းရေးဆွဲခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်းများဝင်ငွေနှင့် အသုံးစရိတ်များ၊ ဌစစာရင်းများရေးသွင်းခြင်းနှင့် ဌာနတွင်းစာရင်းစစ်စစ်ဆေးခြင်း၊ ပြည်တွင်းဌာနခွဲအနေဖြင့် ပြည်တွင်းကုန်ဈေးနှုန်း၊ ဈေးကွက်ကုန်စည်စီးဆင်းမှု၊ အမယ်သီးနှံ၊ အလားအလာရှိသည့်သီးနှံများ၊ စိုက်ပျိုးထုတ်လုပ်တင်ပို့မှု၊ မူဝါဒ/စီမံကိန်းဌာနခွဲအနေဖြင့် စီမံကိန်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာကိစ္စရပ်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ သတင်း/ နည်းပညာဌာနခွဲအနေဖြင့် ICT နည်းပညာနှင့် E-government ဆိုင်ရာဆောင်ရွက်မှုများ၊ Food Safety ဘာသာရပ်နှင့် အရည်အသွေးစီမံခန့်ခွဲခြင်း ၊ ထုတ်လုံဌာနခွဲအနေဖြင့် ပြန်လည်သိမ်းဆည်းခြင်းနှင့် တားမြစ်ခြင်းဘာသာရပ်နှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဘာသာရပ်၊ စားသုံးသူရေးရာဌာနခွဲအနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၊ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီနှင့် အာဆီယံနိုင်ငံများ၏ စားသုံးသူအကာအကွယ်ပေးရေး ဆောင်ရွက်မှုအခြေအနေနှင့် NCPP ရေးဆွဲမှု၊ ဘာသာရပ်များအပြင် ကုန်သွယ်ရေးဦးစီဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဘာသာရပ်များအား သင်ကြားပို့ချခဲ့ပြီး ဘာသာရပ်တစ်ခုပြီးလျှင် သင်တန်း၏ပို့ချချက်များကို ပြန်လည်ဆန်းစစ်သည့် Lecture Review ရေးသား၍ ပြန်လည်ပေးပို့တင်ပြကာ (၈-၃-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် သင်တန်းအောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)