Main menu

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန (၁/၂၀၂၄) ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်ပို့ချခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများ လူ့စွမ်းဆောင်ရည်မြင့်မားစေရေးနှင့် စည်းကမ်းသေဝပ်မှုရှိစေရေးတို့အပြင် ဦးစီးဌာန၏ မျှော်မှန်းချက် (Vision)၊ ရည်မှန်းချက် (Mission) များသိရှိရေး၊ ဝန်ထမ်းတစ်ဦးခြင်း လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲကျင်းပပြုလုပ်ရာ ၂၀၂၄ခုနှစ်၊ မတ်လ (၄)ရက်နေ့မှ (၅) ရက်နေ့အထိ နံနက် (၀၉:၃၀)နာရီအချိန်မှ နေ့လယ် (၁၆:၁၅)နာရီအချိန်ထိ (၂)ရက်တာ သင်တန်းဖွင့်လှစ်ပို့ချခဲ့ပါသည်။

       အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး (ကိုယ်စား) ဦးစံကြည်၊ လက်ထောက်ညွှန်ကြားရေးမှူးက လက်ရှိဝန်ထမ်းများနှင့် အသစ်ခန့်ထားသော ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်များတိုးတက်လာစေခြင်း၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ လွယ်ကူလျင်မြန်သွက်လက်လာစေရန်ရည်ရွယ်၍ သင်တန်းတွင်ပို့ချသော သင်ခန်းစာများမှာ လက်တွေ့လုပ်ငန်းခွင်ဆောင်ရွက်ရာ၌ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ မိမိကိုယ်ကိုယ်တိုးတက်အောင် တစိုက်မတ်မတ်လေ့လာသွားရမည်ဖြစ်ကြောင်း၊ ဘာသာရပ်ဆိုင်ရာ သင်တန်းဆရာများ၏ ပို့ချသောသင်ခန်းစာများကို ဂရုတစိုက်သင်ယူကြရန်လိုကြောင်း၊ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ နေထိုင်ကြရန်နှင့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားသင်ယူစေလိုကြောင်းပြောကြားခဲ့ပါသည်။

       ဆက်လက်၍ သင်တန်းနည်းပြအဖြစ် ဌာနမှတာဝန်ရှိသူများက သက်ဆိုင်ရာဘာသာရပ်အလိုက်နှင့်ပတ်သက်သည့် အကြောင်းအရာများကို Power Point များဖြင့် သင်တန်းပို့ချခဲ့ပြီး သင်တန်းသားဦးရေစုစုပေါင်း (၂၀) ဦးတက်ရောက်ခဲ့ကြပြီး (၅-၃-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၆:၀၀) နာရီအချိန်တွင် သင်တန်းသူသင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး သင်တန်းအခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)