Main menu

အိန္ဒိယပဲဈေးကွက်သတင်း ( ၄-၃-၂၀၂၄) အပိတ်ဈေးကွက်တွင် မြန်မာ့ပဲနှင့် ပဲစင်းငုံနီဈေးမြင့်

Powered by Drupal

     မွန်ဘိုင်းဈေးကွက်ပိတ်ချိန်တွင် မြန်မာ့မတ်ပဲ FAQ မှာ ၁ကွမ်တယ်လျှင် ၈၅၂၅ရူပီးနှင့် မြန်မာ့ပဲစင်းငုံနီမှာ ၁ကွမ်တယ်လျှင် ၁၀၅၀၀ရူပီး စသည့်ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ မတ်လ ၄ရက်နေ့ အဖွင့်ဈေးနှင့်နှိုင်းယှဉ်ပါက မတ်ပဲ FAQ မှာ ၂၅ရူပီးဈေးနှုန်းကျဆင်းလာခဲ့ပြီး ပဲစင်းငုံနီမှာ ဈေးငြိမ်နေကြောင်းသိရှိရသည်။ (၁ကွမ်တယ်ဈေးဖြစ်ပြီး ၁၀၀ ကီလိုဂရမ်နှင့်ညီမျှသည်)

      မတ်လ ၄ရက်နေ့တွင် ဒေလီဈေးကွက်၌   မြန်မာ့မတ်ပဲ SQ ဈေးမှာ  ၁ကွမ်တယ် ၉၉၀၀ ရူပီး၊ မြန်မာ့မတ်ပဲ FAQ မှာ ၁ကွမ်တယ် ၈၉၀၀ရူပီးနှင့် မြန်မာ့ပဲစင်းငုံနီမှာ ၁၀၇၀၀ရူပီးရှိကြောင်းသိရှိရသည်။

          ယနေ့အိန္ဒိယ ဂျဝါနေရူးဆိပ်ကမ်းအရောက် မြန်မာ့ပဲများ၏ CNF တစ်တန်ဈေးမှာ အောက်ပါအတိုင်းဖြစ်သည်။ တစ်တန်အတွက် ဒေါ်လာပေါက်ဈေးဖြစ်သည်။ မတ်ပဲ FAQ -၁၀၂၀ , ပဲစင်းငုံနီ -၁၂၈၀,  ပဲတီစိမ်း ပခုက္ကူ -၈၆၀, ပဲတီစိမ်းရွှေဝါ- ၉၈၅, ပဲတီစိမ်း အညာရွှေဝါ - ၇၉၅ ဈေးအသီးသီးရှိသည်။

     ယနေ့ မွန်ဘိုင်းဈေးကွက် Closing session of trade (CSOT) တွင်ဖြစ်ပေါ် နေသော ဈေးနှုန်းသည် မတ်လ ၂ရက်နေ့ Opeming session of trade ( OSOT) တွင်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက မတ်ပဲ (ရူပီး/ ကွမ်တယ်) မှာ ဈေးနှုန်းအနည်းငယ်ကျဆင်းလာပြီး  ပဲစင်းငုံနီမှာ (ရူပီး/ကွမ်တယ်)မှာ ဈေးငြိမ်နေကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)