Main menu

အိန္ဒိယပဲဈေးကွက်သတင်း ( ၄-၃-၂၀၂၄) အဖွင့်ဈေးကွက်တွင် မြန်မာ့ပဲနှင့် ပဲစင်းငုံနီဈေးမြင့်

Powered by Drupal

     မွန်ဘိုင်းဈေးကွက်ဖွင့်ချိန်တွင် မြန်မာ့မတ်ပဲ FAQ မှာ ၁ကွမ်တယ်လျှင် ၈၅၅၀ရူပီးနှင့် မြန်မာ့ပဲစင်းငုံနီမှာ ၁ကွမ်တယ်လျှင် ၁၀၅၀၀ရူပီးဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်ခဲ့သည်။ ၂၀၂၄ခုနှစ်၊ မတ်လ ၂ရက်နေ့၌ဖြစ်ပေါ်ခဲ့သော အပိတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက မတ်ပဲ FAQ မှာ ၅၀ရူပီးနှင့် ပဲစင်းငုံနီမှာ ၁၅၀ရူပီး စသည်ဖြင့် ဈေးနှုန်းအသီးသီးမြင့်တက်လာကြောင်းသိရှိရသည်။ (၁ကွမ်တယ်လျှင် ၁၀၀ကီလိုဂရမ်နှင့်ညီမျှသည်)

     ယနေ့ မွန်ဘိုင်းဈေးကွက် Opening session of trade ( OSOT) တွင်ဖြစ်ပေါ်နေသော ဈေးနှုန်းသည် မတ်လ ၂ရက်နေ့ Closing session of trade ( CSOT) တွင်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက မတ်ပဲ (ရူပီး/ ကွမ်တယ်) နှင့် ပဲစင်းငုံနီ (ရူပီး/ကွမ်တယ်)မှာ ဈေးနှုန်းအနည်းငယ်စီမြင့်တက်လာခဲ့ပါသည်။

DOCA(ရန်ကုန်)