Main menu

ဥရောပသမဂ္ဂ မှ လက်မခံသည့် စားအုန်းဆီများအား အာရှနှင့် အာဖရိက မှ ဝယ်ယူရန် မလေးရှားမျှော်မှန်း

Powered by Drupal

    ကမ္ဘာ့ဒုတိယအကြီးမားဆုံးစားအုန်းဆီထုတ်လုပ်သည့် မလေးရှားနိုင်ငံသည် ဥရောပသမဂ္ဂ ၏ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် အသက်ဝင်မည့် သစ်တောပြုန်းတီးမှု ကာကွယ်ရေး ဥပဒေသစ်ကြောင့် တင်ပို့မှုပျက်ပြယ်နိုင်မည့် စားအုန်းဆီများကို အာရှနှင့် အာဖရိကမှ ဝယ်ယူရန် မျှော်လင့်လျက်ရှိကြောင်းသိရပါသည်။ ဥရောပသမဂ္ဂသည် သစ်တောပြုန်းတီးမှုဖြစ်ပေါ်ပြီးမှ ရရှိလာမည့် လူသုံးကုန်နှင့်စားသုံးကုန်ပစ္စည်းများကို ဆိုင်များနှင့်စူပါမားကတ်များတွင် ရောင်းချခွင့် ပိတ်ပင်မည်ဖြစ်သောကြောင့် စားအုန်းဆီထုတ်လုပ်သူများအနေနှင့် စားအုန်းဆီ ထုတ်လုပ်ရာတွင် သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေခဲ့ကြောင်း သက်သေပြရမည်ဖြစ်သည်။ စားအုန်းဆီ၊ ကိုကိုး၊ ကော်ဖီနှင့် ဆက်စပ်စားသောက်ကုန်ပစ္စည်းများကို ထုတ်လုပ်သည့် ကုမ္ပဏီများအနေနှင့် ဥရောပသမဂ္ဂ၏ သစ်တောပြုန်းတီးမှု ကာကွယ်ရေးဥပဒေကို လိုက်နာရန် ယခုနှစ်ကုန်အထိ အချိန်ကျန်သေးကြောင်း သိရပြီး ဝေဖန်ရေးသမားများအဆိုအရ အဆိုပါဥပဒေသည် အသေးစား လယ်သမားများကို ထိခိုက်စေမည်ဖြစ်ကြောင်း သိရပါသည်။ ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှု အများဆုံးနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနိုင်ငံတို့ထံမှ ဥရောပသမဂ္ဂ၏ စားအုန်းဆီတင်သွင်းမှုမှာ လွန်ခဲ့သည့်နှစ်က ၅% ကျဆင်းခဲ့ကြောင်း သိရပါသည်။ မလေးရှား စားအုန်းဆီကောင်စီ၏ ဥက္ကဌ၏ ပြောကြားချက်အရ အဆိုပါဥပဒေသည် အသေးစား စိုက်ပျိုး ထုတ်လုပ်သူများကို ထိခိုက်စေမည်ဖြစ်ပြီး အဘယ်ကြောင့်ဆိုသော်လိုအပ်သည့် လမ်းကြောင်းစနစ်များ မရှိခြင်းနှင့် အပင်အိုများကြောင့် ထုတ်လုပ်မှုကျဆင်းသည့် ပြဿနာနှင့် ရင်ဆိုင်နေရသောကြောင့် ဖြစ်ပါသည်။ သို့သော် အဆိုပါ ဥရောပသမ္မဂ္ဂက လက်မခံသည့်ဆီများကို လူဦးရေ တိုးတက်မှုများပြားလာသည့် အာရှနှင့် အာဖရိကနိုင်ငံများက ဝယ်ယူမှုနှင့် ဖာထေးနိုင်မည်ဖြစ်ကြောင်း မလေးရှား စားအုန်းဆီကောင်စီ ဥက္ကဌက ဆက်လက်ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)