Main menu

ဂျာမနီနိုင်ငံမှ လျှပ်စစ်ကားထုတ်လုပ်သူများအား ထိုင်းနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ထိုင်းနိုင်ငံအစိုးရကြိုးပမ်းမည်

Powered by Drupal

     ထိုင်းနိုင်ငံအစိုးရသည် ဝန်ကြီးချုပ်မစ္စတာဆရတ်သာ မတ်လတွင် သွားရောက်မည့် ဂျာမနီနိုင်ငံခရီးစဉ်အတွင်း ဂျာမနီနိုင်ငံမှ လျှပ်စစ်ကားထုတ်လုပ်သူများကို ထိုင်းနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန်အတွက် ဖိတ်ခေါ်သွားရန်ရည်မှန်းထားကြောင်း ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ် မစ္စတာပန်ပရီက ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ မစ္စတာပန်ပရီသည် ဖေဖော်ဝါရီလ ၂၁ရက်နေ့မှ ၂၅ရက်နေ့အထိ ဂျာမနီနိုင်ငံကို တရားဝင်ခရီးသွားရောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါခရီးစဉ်သည် သံတမန်ရေးရာ ရည်ရွယ်ချက်သာမက ဝန်ကြီးချုပ်မစ္စတာဆရတ်သာ၏ မတ်လ ၁၅ရက်နေ့တွင် ဂျာမနီနိုင်ငံသို့ သားရောက်မည့် အလည်အပတ်ခရီးစဉ်အတွက်ပါ ကြိုတင်ပြင်ဆင်ခြင်းဖြစ်ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံအစိုးရသည် Land Bridge စီမံကိန်းနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ အချက်အလက်စင်တာ၊ လျှပ်စစ်ကားထုတ်လုပ်မှုကဏ္ဍတို့တွင် ဂျာမနီမှ ရင်းနှီးမြှုပ်နှံသူများကို ထိုင်းနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံသွားရန်အတွက် အဆိုပြုသွားရန် စီစဉ်ထားကြောင်းသိရပါသည်။ မစ္စတာပန်ပရီက ထိုင်းနိုင်ငံအစိုးရသည် ဂျာမနီနိုင်ငံမှ ကားထုတ်လုပ်သူများကို ထိုင်းနိုင်ငံ၏ လျှပ်စစ်ကားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်မျှော်လင့်ထားကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဂျာမနီနိုင်ငံသည် အရေးပါသည့် မော်တော်ယာဉ်ထုတ်လုပ်သောနိုင်ငံအဖြစ် သုံးသပ်ထားသောကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)