Main menu

ချောင်းဆုံမြို့နယ်၊ သက္ကောကျေးရွာရှိ ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်

Powered by Drupal

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၈.၂.၂၀၂၄ ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ သက္ကောကျေးရွာရှိ ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သက္ကောကျေးရွာရှိ ဈေးဆိုင်များတွင် ရောင်းချနေသော အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် ရှိ/မရှိ၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံစွာဖော်ပြထားမှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရောင်းချလျက်ရှိသော အချိုရည်အမျိုးမျိုးတွင် သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်များပါရှိပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိကြောင်း တွေ့ရှိရသည်။ ထို့နောက် ဆိုင်ပိုင်ရှင်များအား ထောက်ခံချက်မရှိသော အသင့်သောက် အချိုရည်အမျိုးမျိုးများ ရောင်းချခြင်း မပြုရန်ပြောကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော (၂/၂၀၁၉) ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ အသေးစိတ်ပါရှိရမည့်အချက်များ ဖော်ပြထားသော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)