Main menu

မန္တလေးမြို့ပေါ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် လာရောက်ဝယ်ယူသည့်လူနာများအား တွေ့ဆုံမေးမြန်းခြင်း

Powered by Drupal

    ၂၀၂၄ခုနှစ်၊ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့ပါဝင်သောအဖွဲ့သည် ဆေးနှင့်ဆေးပစ္စည်းများဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းဖြင့် ရောင်းဝယ်ဖောက်ကားစေရေး ဆေးနှင့်ဆေးပစ္စည်း လက်လီ/ လက်ကားရောင်းချသည့်နေရာများသို့သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဒေသတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းဖြင့် ရောင်းအရောင်းအဝယ်ပုံမှန်ပြုလုပ်လျက်ရှိသည်ကိုတွေ့ရှိခဲ့ပြီး ဆေးနှင့်ဆေးပစ္စည်းများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုလုပ်ရန်နှင့် လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

       ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် မန္တလေးမြို့ပေါ်ရှိ ဆေးဆိုင်များနှင့်ဆေးဆိုင်များ၌ လာရောက်ဝယ်ယူသည့် ဆေးရုံတက်လူနာများအား       တွေ့ဆုံမေးမြန်းခြင်းများ    ဆောင်ရွက်ခဲ့ရာ လူနာများအား ကုသရာတွင်အသုံးပြုသည့် ထိုးဆေးတချို့ပြတ်လပ်နေကြောင်းသိရှိရခြင်း၊ သွေးလေးဖက်နာလူနာများအား ကုသရာတွင်အသုံးပြုသည့် လူသုံးများသည့် သောက်ဆေးများကို လိုသလောက်ဝယ်ယူမရရှိသော်လည်း ၎င်းဆေးနှင့်အာနိသင်တူသော ဆေးများကိုသာရောင်းချပေးနိုင်ကြောင်းသိရှိရခြင်း၊ လူသုံးများသော ဆေးအများစုမှာ Brand Name  မတူသော်လည်း အာနိသင်တူသည့်ဆေးများကိုဝယ်ယူရရှိသည့်အတွက် အခက်အခဲမရှိကြောင်းတွေ့ရှိရခြင်း၊ ကင်ဆာဆေးသွင်းသည့် လူနာရှင်နှင့် နားရောဂါလာရောက်ကုသသည့် လူနာများ၏ပြောပြချက်အရ ယခင်ဆေးဝယ်စဉ်ကဈေးနှုန်းထက် သိသာစွာပြောင်းလဲမှုမရှိကြောင်းနှင့် ဆေးဆိုင်များတွင် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)