Main menu

ကြိမ်/ဝါး အခြေခံလက်မှုထည်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ဒိုက်ဦးမြို့နယ်တွင် ကျင်းပ

Powered by Drupal

      ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပဲခူးတိုင်းဒေသကြီးအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှ ကြီးမှူး၍ “  ထုတ်လုပ်မှုနည်းပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင် ၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ(၂၀)ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ညောင်လေးပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ကျော်စိုးမှ အဖွင့်အမှာစကားပြောကြားပါသည်။ ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်းက သင်တန်းနည်းပြများအား ဂုဏ်ပြုငွေများ ချီးမြှင့်ပြီး သင်တန်းနည်းပြဦးနိုင်ဦးမှ ကြိမ်/ဝါး အခြေခံလက်မှုထည်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

    အဆိုပါသင်တန်းမှာ ရက်သတ္တပတ် ၂ပတ် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား (၃၄) ဦးအား သင်တန်းနည်းပြ (၁၁)ဦးမှ သင်ကြားပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)