Main menu

ဗီယက်နမ်နှင့်တရုတ် နှစ်နိုင်ငံအကြား ဖရဲသီးတင်ပို့မှုလုပ်ငန်းစဉ် သဘောတူညီချက် လက်မှတ် ရေးထိုး

Powered by Drupal

    ဗီယက်နမ်နိုင်ငံမှ ဖရဲသီးများ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ရေးဆိုင်ရာ သဘောတူစာချုပ် ကို ဗီယက်နမ်နိုင်ငံ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန (MARD)  နှင့် တရုတ်နိုင်ငံ၊ အကောက်ခွန်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးအာဏာပိုင်(GACC)တို့အကြား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် လက်မှတ်‌ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ နှစ်နိုင်ငံအကြားရေးထိုးခဲ့သည့် သ‌ဘောတူစာချုပ်အရ နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ အခက်အခဲ၊ အတားအဆီးများကို ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး လယ်ယာထွက်ကုန်များ၏ စံချိန် စံညွှန်းကိုမြှင့်တင်ပေးမှုနှင့်အတူ နယ်စပ်ဂိတ်များတွင် ပိတ်ဆို့မှုကိုသက်သာစေနိုင်မည်ဖြစ်သည် ဟု ဗီယက်နမ် စိုက်ပျိုးရေးဝန်ကြီးဌာန၊ အပင်ကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး Mr. Huynh Tấn Đạt က ပြောကြားခဲ့ကြောင်း Vietnam News သတင်းဌာနက ရေးသား ဖော်ပြပါ သည်။

    ထို့အပြင် Lao Động သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် အပင်ကာကွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက သဘောစာချုပ် ချုပ်ဆိုမှုရလဒ်အနေဖြင့် ရေရှည်ကာလတွင် ထုပ်ပိုးခြင်းလုပ်ငန်းအတွက် စိုက်ပျိုးသူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအကြား နှစ်ဖက်ချိတ်ဆက်မှု များ ပိုမိုအားကောင်းလာခြင်း၊ စံချိန်စံညွှန်းပြည့်မီသည့် ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို မြှင့်တင်ပေး ခြင်း၊ ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့်များနှင့် အဆင့်မြင့်သိပ္ပံနည်း ပညာရပ်များ အသုံး ချမှုမြှင့်တင်ပေးခြင်းနှင့် ကောင်းမွန်သော အရည်အသွေးရရှိရေး ဖော်ဆောင်ပေးခြင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေသော ထုတ်ကုန်ထုတ်လုပ်မှု ဖြစ်ပေါ်စေခြင်းတို့ကို ဖရဲစိုက် တောင်သူများ အကျိုးခံစားရစေပြီး ရေရှည်တည်တံ့သော ပို့ကုန်တင်ပို့မှုကို အထောက်အကူ ဖြစ်စေမည်ဟု ပြောဆိုခဲ့ပါသည်။

    အဆိုပါ သဘောတူစာချုပ်အရ တရုတ်ဈေးကွက်သို့ တင်ပို့ရန် ခွင့်ပြုထားသော ဖရဲသီးများ ကို နှစ်နိုင်ငံဘက်မှ အတည်ပြုထားသော ထုတ်လုပ်မှုကျင့်စဉ်ကောင်းများဖြင့် စီမံဆောင်ရွက်သည့် စက်ရုံများမှ တင်ပို့ရမည်ဖြစ်ကြောင်း၊ ဖရဲစိုက်ခင်းများအားလုံးသည်လည်း ကောင်းမွန်သော စိုက် ပျိုးရေး အလေ့အကျင့်များ (GAP) ကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရပါသည်။

     အဆိုပါ သဘောတူညီချက်အတွက် နှစ်နိုင်ငံညှိနှိုင်းမှုသည် ၂၀၁၉ ခုနှစ် နှောင်းပိုင်းတွင် စတင်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဗီယက်နမ် သည် တရုတ်နိုင်ငံသို့ သစ်သီးတင်ပို့မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းအားလုံးကို ပြီးမြောက်စေခဲ့ ကြောင်း Mr. Dat ၏ ပြောကြားချက်အရ သိရသည်။

    ဗီယက်နမ်နိုင်ငံ၏ နှစ်စဉ် ဖရဲသီးတင်ပို့မှုတန်ဖိုးသည် လက်ရှိအချိန်တွင် ဒေါ်လာသန်း ၅၀ ရရှိလျက်ရှိရာမှ ယခုလက်မှတ်ရေးထိုးနိုင်မှုအရ ဒေါ်လာ သန်း ၇၀ မှ ၈၀ အထိ ရောက်ရှိနိုင်မည်ဟု ဗီယက်နမ် သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်အသင်းမှ အထွေထွေအတွင်းရေးမှူး Mr. Đặng Phúc Nguyên က ခန့်မှန်းထားကြောင်း သတင်းရရှိပါသည်။

Source: Vietnam News