Main menu

ဆန်စပါးသိုလှောင်ဈေးကစားသူများအား ထိရောက်စွာ အရေးယူရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ညွှန်ကြား

Powered by Drupal

    ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် Sheikh Hasina သည် ဆန်စပါးသိုလှောင်ဈေးကစားသူများ အား ဒေသအလိုက်ဖွင့်လှစ်ထားသည့်တရားရုံးများမှတစ်ဆင့် အလျင်အမြန်အရေးယူဆောင်ရွက် ရန်အတွက် ညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့ပါသည်။

    ၂၂-၁-၂၀၂၄ ရက်နေ့တွင် ကျင်းပခဲ့သည့် Awami League ပါတီ ဗဟိုလုပ်ငန်းကော်မတီ အစည်းအဝေး၌ ဝန်ကြီးချုပ် Sheikh Hasina က ရွေးကောက်ပွဲပြီးဆုံးသည့် နောက်ပိုင်းကာလတွင် ဆန်ဈေးနှုန်းများ ရုတ်တရက်မြင့်တက်လာခြင်းမှာ ပုံမှန်ဖြစ်ရပ်မျိုးမဟုတ်သဖြင့် နောက်ကွယ်၌ ကြိုးကိုင်ဆောင်ရွက်နေသူများကို ရှာဖွေဖော်ထုတ်၍ ဒေသအလိုက် တရားရုံးများမှတစ်ဆင့်  ထောင်ဒဏ်ကဲ့သို့သော ပြစ်ဒဏ်များဖြင့် အရေးယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လူဦးရေ ၁၇ဝ သန်းခန့်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တင်သွင်းသည့်ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက် ခြင်းနှင့်အတူ သယ်ယူပို့ဆောင်ခစရိတ်များ တိုးမြင့်လာခြင်းတို့ကြောင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားလျက်ရှိကြောင်း၊ ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းနိုင်မှုမရှိသည့် ဂျုံ၊ သကြား၊ စားသုံး ဆီနှင့် သဘာဝဓာတ်ငွေ့တို့ကို ပြည်ပနိုင်ငံများမှ ဝယ်ယူသွားရန်လိုအပ်ကြောင်းနှင့် ယခုနှစ်တွင် စပါးရိတ်သိမ်းမှုနှင့် ဆန်အထွက်နှုန်းကောင်းမွန်သော်လည်း ဆန်ဈေးနှုန်းများ မြင့်တက်နေ ခြင်းကို အလျင်အမြန်အရေးယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

    ဝန်ကြီးချုပ်က ၁၂ ကြိမ်မြောက် ပါလီမန်ရွေးကောက်ပွဲ ကျင်းပလျက် အစိုးရသစ်ကို ဖွဲ့စည်း ပြီးခဲ့သည့် နောက်ပိုင်းကာလတွင် ပြည်တွင်းဆန်ဈေးနှုန်းများ တည်ငြိမ်စေရေး ထိန်းသိမ်းဆောင် ရွက်သွားကြရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ကဏ္ဍစုံမှတာဝန်ရှိသူများသို့ လမ်းညွှန်မှာကြားခဲ့ ပါသည်။

    စားနပ်ရိက္ခာဝန်ကြီးဌာန၊ စိုက်ပျိုးရေးဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဘင်္ဂလားဒေ့ရှ်ဘဏ်တို့မှ ဝန်ကြီးများသည် ၂၁-၁-၂၀၂၄ နေ့ တွင် အဆင့်မြင့်အစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်၍ ရာမာဒန်ဥပုသ်မတိုင်မီ ကာလတွင် ဈေးကွက်ထိန်းချုပ်မှုများကို စစ်ဆေးဆောင်ရွက်သွားရန်၊ ကုန်စည်ဈေးနှုန်းများ မြင့်တက်မှုကို ထိန်းချုပ်သွားကြရန်နှင့် အဓိကအားဖြင့် ဆန်စပါး၊ ဂျုံ၊ စားသုံးဆီ၊ သကြား၊ အာလူး၊ ကြက်သွန်နီ၊ အမဲသား၊ ကြက်ဥ/ဘဲဥနှင့် ကြက်/ဘဲများ၏ ဈေးနှုန်းများကို ထိန်းချုပ်ဆောင်ရွက်နေကြသူများကို ရှာဖွေဖော်ထုတ်သွားကြရန် ဆွေးနွေးခဲ့ကြပါသည်။

   ထို့အပြင် ကုန်စည်ဈေးနှုန်းများကို ထိန်းချုပ်နိုင်ရန်အတွက် ဥပဒေအရ တင်းကြပ်သော စည်းစနစ်တစ်ခု ချမှတ်သွားမည်ဖြစ်ကြောင်း၊ ရာမာဒန်ဥပုသ် မတိုင်မီကာလ၌ ထုတ်ကုန် အသီး သီး၏ ထုတ်လုပ်မှု၊ တင်သွင်းမှုနှင့်အတူ ဝယ်လိုအားကို ဆန်းစစ်လေ့လာ၍ ပြည်တွင်းကုန်စည် ပြတ်လပ်မှုကို ရှာဖွေဖော်ထုတ်ကာ ကုန်စည်များတင်သွင်းမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လည်း ဖြေလျှော့ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ဝန်ကြီးများက ဆွေးနွေးခဲ့ကြပါသည်။

    ဘင်္ဂလားဒေ့ရှ်ပြည်တွင်း၌ ထုတ်ကုန်များပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့် ဈေးကွက် ကမောက်ကမဖြစ်မှုများကို ကာကွယ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Source: Dhaka Tribune,